မိုးပျံလမ်းဖြင့် ရန်ကုန်ချောင်းသာ ၁ နာရီခွဲဖြင့် ရောက်မည်


08 November, 2020


ရန်ကုန်-ပုသိမ်-ချောင်းသာ မိုးပျံအမြန်လမ်းမကြီး တည်ဆောက်ပြီးစီးပါက ရန်ကုန်မှ ချောင်းသာသို့ တစ်နာရီခွဲဖြင့် ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါ မိုးပျံအမြန်လမ်းမကြီး elevated highway အတွက် ဒီဇိုင်းပုံထုတ်ခြင်းကို MCEA ဟု အတိုကောက်အားဖြင့် လူသိများသည် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း Myanmar Construction Entrepreneurs Association-MCEA ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးရဲလင်းက အသိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းသည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမီတက် Myanmar Construction & Development Public Co. Ltd (MCD) သည် စတင်တည်ထောင်ခဲ့ပြီး MCEA မှ အသင်းဝင်များ ပါဝင်ဖွဲ့စည်းခဲ့သည်။

MCD သည် အစိုးရဝန်ကြီးဌာနများနှင့် သက်ဆိုင်သောလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် အတူလက်တွဲဆောင်ရွက်လျက်ရှိရာ တန်ဖိုးနည်း အိမ်ရာများနှင့် တန်ဖိုးသင့်တင့်အိမ်ရာများကို တည်ဆောက်လျက်ရှိကြောင်း ဦးရဲလင်းက ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် Construction, Power & Mining Myanmar 2017 ပြပွဲအတွက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ MCEA သည် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် Yangon Metropolitan Development Public Co., Ltd တွင်လည်း ပါဝင်လုပ်ကိုင်လျက် ရှိသည်။

Construction, Power & Mining Myanmar 2017 သည် ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်။

သတ္တုတွင်းတူဖော်ခြင်းနှင့် ဓာတ်သတ္တု ထုတ်လုပ်ခြင်းတို့အတွက် ရန်ကုန်မြို့တွင် နှစ်စဉ်ကျင်းပသော ပြပွဲကြီးဖြစ်ပြီး ယခုအခါ ပဉ္စမအကြိမ်မြောက် ပြသခြင်းဖြစ်သည်။


ပြသမည့်နေရာမှာ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC နှင့် ဓားလွယ်ခုတ်တွင် တည်ရှိသည် Myanmar Event Park ပြပွဲရုံသစ်ကြီးတွင် ဖြစ်သည်။ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီများ လာရောက်ပြသမည်ဖြစ်ရာ၌

A&B Films, Aerial, Ar Man, Bangkok Cable, Beumer, Chee Fatt, Cooltech, Daewoo, Daeyang Rollent, Daegun, Deashin Cable, DKSH, Dongnam Petroleum, Dynaset, Exceltec, Everdigm, Fong Chuan Machinery,

Friction, Fujian Xinda, Hansa Flex, Hankwang Electric, Hunan Topworld, IEM, Industrial Concrete, International Electric, JCB, Joongwon, JSV Technical, Komac, Korea Electrical Manufacturers’ Cooperative (KEMC),

Komy, Leena Engineering, Liang Chi, Luminous, Makitech, Mammut, Mewar, MMD Sizer UK, Minelab, Mobil, Namsung Industries, New Prosperity, Polycab, Pyugil, Rockdril SAG, Selec Control,

Shenyang Huayue, Siam Screw, Siam Electric, Strongtech, Thainex, , Thai Premium Pipe, Tellhow Sci-Tech, Toyomi Engineering, Selec Controls, Shanghai Shibang, Sichuan Sunflower,

Yoo Chang Hi tech, Young-Hwa Industrial Electric, Weir Minerals, Wuxi Geological အပါအဝင် ကုမ္ပဏီကြီးပေါင်း ၁၈၀ ကျော်တို့ ပါဝင်မည် ဖြစ်သည်။

နိုင်ငံအလိုက် ပြခန်းတွဲများအဖြစ် တရုတ်၊ ဂျာမနီ၊ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ပြသမည်ဟု သိရသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက်တိုင်တိုင် ၃မျိုးပေါင်း ပြပွဲကြီးကို

ပြသသွားမည်ဖြစ်ပြီး ပြပွဲအချိန်မှာ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၅ နာရီအထိ ဖြစ်သည်။

Real Estate & Properties Read 90 times