အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းတွင်အာရှ၏အကြီးမားဆုံးမြေအောက်ဘူတာရုံဖြစ်သော“ Bandra Kurla Complex (BKC)” ကို
၂၀၂၀ ခုနှစ်တွင်အပြီးသတ်တည်ဆောက်မည်ဖြစ်သည်။
မြေအောက်ဘူတာသည် ၃၃.၅ ကီလိုမီတာရှည်သော Colaba-Bandra-SEEPZ လိုင်း (လိုင်း နံပါတ် ၃ ဟုလည်း သိကြ) ၏အပိုင်းတွ င်မြို့၏တောင်ဘက်စွန်းရှိ Cuffe Parade စီးပွားရေးခရိုင်ကို Santacruz အီလက်ထရောနစ်ပို့ကုန်ထုတ်လုပ်ခြင်းဇုန် Santacruz Electronics Export Processing Zone (SEEPZ)နှင့် ဆက်သွယ်ပေးသည်။ မြောက်ဘက်တွင် Aarey အထိ ဆက်သွယ်ပေးသည်။ BKC သည် အမြန်ရထားလိုင်း ၂ လိုင်း အကြား ကူးပြောင်းစီးနင်းနိုင်စေမည်။
အထူးလက္ခဏာမှာ BKC သည်အာရှတိုက်ကြီး၏အကြီးဆုံးမြေအောက်ဘူတာဖြစ်သည်။
၄၇၅ မီတာနှင့် ၃၀ မီတာကျယ်သော မြေအောက်ဘူတာသည် မြေအောက်တွင် အထပ် နှစ်ထပ်ရှိသည်။ ပထမအထပ်သည် အမြင့် ၈.၄ မီတာရှိပြီး အထူ ၇၅၀ မီလီမီတာအထူ slab ခင်းသည်။ ဒုတိယအထပ်သည် ၅.၅ မီတာအမြင့်ရှိပြီး ၁၂၀၀ မီလီမီတာ အထူရှိသော ကြမ်းခင်းထားသည်။
slab ပြားပေါ်တွင် ကျရောက်သောဝန်အားလုံးသည် ကော်လံများသို့ တိုက်ရိုက်ရွှေ့ပေးထားသည်။ ကော်လံနှင့် slab ပြားများအကြားတွင် ၁၄၅၀ မီလီမီတာအထူရှိသော drop panel များကို အသုံးပြုထားသည်။
ဆောက်လုပ်ရေးကို ၂၀၁၉ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး ၁၄ လ ဖြင့် အပြီးအစီး တည်ဆောက်ရန် လျထားသည်။