Aspire Condominium


14 November, 2020

Aspire Condominium စီမံကိန်းကို ခြံအမှတ် ၂၁၅၊ အလုံလမ်းမကြီးပေါ် ၊ အလုံဘူတာကြီးဘေးတွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို၂၀၁၆ ခုနှစ်တွင်စတင်ဆောက်လုပ်ပြီး ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နို်င်မည်ဟု ခန့်မှန်းကြောင်းသိရသည်။

ထိုစီမံကိ်န်းကို မြေဧရိယာ ၁ ဧကနီးပါးပေါ်တွင် အကောင်အထည်ဖော်လျှက်ရှိသည်။

ယင်းစီမံကိန်းကို A1 construction မှပိုင်ဆိုင်ပြီး တာဝန်ယူဆောက်လုပ်ထားကြောင်းသိရသည်။

ထိုစီမံကိ်န်းကို Positive Pioneer မှ pile ရိုက်ပေးထားပြီး စင်ကာပူနိုင်ငံမှ ONG&ONG မှဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို စင်ကာပူနို်င်ငံမှ Span မှအကြံပေးအဖြစ်ပါ၀င်ထားပြီး ဗီယက်နမ်နိုင်ငံမှ PTA မှ M&E ဒီဇိုင်းပြုလုပ်ပေးထားကြောင်းသိရသည်။

ထိုစီမံကိ်န်းတွင် အထပ်ပေါင်း ၂၁ ထပ်နှင့် basement ၂ ထပ်ပါ၀င်တည်ဆောက်မည်ဖြစ်ပြီး တစ်လွှာတွင် ၁၀ ခန်းပါ၀င်မည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် အခန်းပေါင်း ၁၅၄ ခန်းပါ၀င်မည်ဖြစ်ပြီး basement ၂ ထပ်တွင်ကားအစီးရေ ၂၂၈ စီးရပ်နားနို်င်မည့် ကားပါကင်ပါ၀င်မည်ဟုသိရသည်။

ထိုစီမံကိန်း၏ ၁၁ လွှာတွင်ရေကူးကန်၊ အားကစားခန်းမ အစရှိသည့် facilities များထားရှိမည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် ဓာတ်လှေခါး ၄ စင်းပါ၀င်မည်ဖြစ်ကြောင်းသိရသည်။

Residential Read 66 times