ထိုကွန်ဒိုအား Chantha Shwe Myay Costruction မှတည်ဆောက်နေကြောင်းသိရသည်။
ယင်းကွန်ဒိုသည်၆၁ရပ်ကွက်၊စာဥမှတ်တိုင်အနီး၊ဧရာဝဏ်လမ်းမကြီး၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်နေကြောင်းသိရသည်။
ထိုကွန်ဒိုသည်၂၀၂၀ခုနှစ်ကျော်လောက်တွင်ပြီးစီးနိုင်မည်ဟုခန့်မှန်းထားသည်။
အဆောက်အဦးပေါင်း၁၆လုံးပါဝင်ပြီး အထပ်ပေါင်း၁၈ထပ်တည်ဆောက်မည်ဖြစ်ပြီး တစ်လွှာတွင်ရှစ်ခန်းဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။
တိုက်တစ်တိုက်တွင် Pent House ၂လုံးပါဝင်မည်ဖြစ်ကြောင်း၊အခန်းတစ်ခန်း၏အကျယ်အဝန်းမှာ စတုရန်းပေ၇၁၄ မှ စတုရန်းပေ၁၃၁၅ ကျယ်ဝန်းကြောင်းသိရသည်။
ကွန်ဒိုဝင်းအတွက်ကားများရပ်နားရာတွင်အဆင်ပြေလွယ်ကူစေရန်အလွှာပေါင်းခုနှစ်လွှာပါရှိသော
ကားပါကင်၄လုံးပါရှိပြီး Car Lifts၃စီးတပ်ဆင်ပေးမည်ဖြစ်ကြောင်းလည်းသိရသည်။
လူနေကွန်ဒိုများတွင် တစ်တိုက်တွင်ဓာတ်လှေကားသုံးစီးတပ်ဆင်ပေးထားသည်။
ရေကူးကန်၊ကလေးကစားကွင်းများ၊အားကစားခန်းမများ၊spaများ၊Green Areaများထည့်သွင်းဆောင်ရွက်ထားရှိမည်ဖြစ်သည်။
ကွန်ဒိုဝင်းအတွင်းနှင့်ကွန်ဒိုပတ်ဝန်းကျင်တွင် စားသောက်ဆိုင်များနှင့် လူသုံးကုန်အရောင်းဆိုင်များပါရှိမည် ဖြစ်ကြောင်းသိရသည်။
အခန်းတန်ဖိုးမှာတစ်စတုရန်းပေလျှင်တစ်သိန်းနှစ်သောင်းဝန်းကျင်ခန့်မှန်းထားကြောင်းသိရသည်။
ဝယ်ယူသူများနှင့်ညှိနှိုင်း၍အရစ်ကျလုပ်ဆောင်ပေးခြင်း၊နေထိုင်ခွင့်ရမှသာဘဏ်နှင့်ချိတ်ဆက်ပြီးဆက်လက် ပေးသွင်းနိုင်သည်ဖြစ်ကြောင်းသိရသည်။