ဧရာဝတီတိုင်းရှိ စက်မှုမြို့တော်


03 December, 2020

လူဦးရေ ၆သန်းခန့် နေထိုင်သော ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မီ စက်မှုမြို့တော် တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်သည်။

ယင်းစက်မှုမြို့တော်သည် ပုသိမ်-ငပုတောအမြန်လမ်းပေါ်တွင်တည်ဆောက်နေခြင်းဖြစ်ပြီး ပုသိမ်မြို့မှ သွားရောက်ပါက အကွာအဝေးအနည်းငယ်သာကြာကြောင်း၊စီမံကိန်းကိုနိုင်ငံတကာအကြံပေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီမျျား၊EIA/SIA အဖွဲ့များ ပူးပေါင်း၍ မြေ ၂၇ဝဝ ဧက ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းစက်မှုမြို့တော်တွင် စက်မှုဇုန်၊လူနေမှုအဆင့်မြင့်စေရန် လုံးချင်း နှင့် အထပ်မြင့်အိမ်ရာစီမံကိန်းများ၊ရုံးခန်းများပူးတွဲတည်ဆောက်သွားမည်ဖြစ်သည်။
ဆိပ်ကမ်းစီမံခန့်ခွဲရေးစနစ်ဆောင်ရွက်ထားပုံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် သွင်းကုန်ထုတ်ကုန်လုပ်ငန်းမာျး အား One Stop Service အနေဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
စက်မှုထုတ်ကုန်များအတွက် ရေအရင်းအမြစ်ဆိုင်ရာပံ့ပိုးနိုင်ရန် ရေချိုသန့်စင်သည့် စနစ်အပြင် ခေတ်မီနည်းပညာအသုံးပြု၍ စွန့်ပစ်ရေဆိုးများပြန်လည်သန့်စင်ပေးနိုင်မည့် စနစ်များကို ထည့်သွင်းတည်ဆောက်ရန်စီစဉ်ထားကြောင်းသိရသည်။
စက်မှုမြို့တော် စီမံကိန်းကြီးတစ်ခုလုံးအတွက် လျှပ်စစ်မီးဝန်ဆောင်မှုကို မဟာဓာတ်အားလိုင်းမှ တိုက်ရိုက်သွယ်တန်းပြီးကိုယ်ပိုင်လျှပ်စစ်ဓာတ်အားခွဲရုံမှပေးဝေးနိုင်မည် ဖြစ်သည်။
ယင်းအပြင်စက်မှုမြို့တော်တစ်ခုလုံးကို ခေတ်မီ လုံခြုံရေးစနစ်ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ကျန်းမာရေးအတွက် အဆင့်မြင့်ဆေးခန်း၊မီးဘေးအန္တရာယ်အတွက် မီးသတ်စခန်း၊ငွေကြေးဆိုင်ရာလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်မှုဆိုင်ရာဌာနများ၊ဈေးဝယ်စင်တာများ၊အပန်းဖြေဥယျာဉ်များကို နိုင်ငံတကာအဆင့်မီ ထည့်သွင်းတည်ဆောက်သွားမည်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်နှင့် ထိစပ်နေသည့် ဒေသဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စပါးထွက်ရှိမှုမှာ တစ်နိုင်ငံလုံး၏ ၃ဝ ရာခိုင်နှုန်းထွက်ရှိသော ဒေသဖြစ်သည်။
ယင်းစက်မှုမြို့တော်တည်ဆောက်နေသော ပုသိမ်မြို့သည် ရန်ကုန်မြို့မှမော်တော်ယာဉ်ဖြင့် ၄နာရီ ခန့်အကွာတွင် တည်ရှိသည့်အတွက် သွားလာရေးလွယ်ကူလျင်မြန်သောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများစိတ်ဝင်စားလျက်ရှိသည်။
 

Infrastructure and Zones Read 94 times