ပုဂံ-ညောင်ဦးလေဆိပ်အား အရှေ့တောင်အာရှ၏ ပထမဆုံး Green Airpot အဖြစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
Green Airpotအဖြစ်ဆောင်ရွက်နိုင်ရန်အတွက်ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်မှ “လက်ရှိ မှာ ခရီးသည်ဝင်ထွက် မှုများပြား လာတဲ့ ညောင်ဦးလေဆိပ်ကိုလည်းအရှေ့တောင်အာရှမှာ ပထမဦးဆုံး Green Airpot ပေါ်ထွန်းဖို့အတွက်ကို
ဂျပန်နိုင်ငံ JICA အကူအညီ နဲ့ လုပ်ဆောင်နေပါသည်” လို့ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
လက်ရှိတွင်ဝန်ကြီးဌာနသုံးခုဖြင့်ပူးပေါင်းလုပ်ဆောင်နေသည်ဟုအမြဲတမ်းအတွင်းဝန်မှ ပြောကြားကြောင်းသိရသည်။
ယင်းက“သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ဟိုတယ်နဲ့ခရီးဝန်ကြီးဌာန၊သံယံဇာတ နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်” လို့ ထပ်မံ ပြောပါတယ်။
အလားတူ ချင်းပြည်နယ်တွင် တည်ဆောက်လျက်ရှိသည့် ဖလန်းလေဆိပ်အား ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်အတွင်း ပြီးစီးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။