ပဲခူးမြစ်ကူးတံတား သန်လျင်အမှတ်(၃) ဆောက်လုပ်ရာတွင် ဂျပန်ကုမ္ပဏီ များအား ဦးစားပေးရွေးချယ်မည်


03 December, 2020

ရန်ကုန်မြို့နှင့် ရန်ကုန်တောင်ပိုင်းခရိုင်ကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား သန်လျင်အမှတ်(၃) ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏ ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဂျပန်ကုမ္ပဏီများအား ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနတံတား ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် သန်လျင်မြစ်ကူးတံတားအမှတ်(၃) တည်ဆောက်ရန် တင်ဒါ ခေါ်ယူထားပြီး ဂျပန်ကုမ္ပဏီများနှင့် တခြားလုပ်ငန်းအစုစပ် JV ကုမ္ပဏီများက တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထိုတံတားတည်ဆောက်ရန် ဂျပန်ချေးငွေ ရယူလုပ်ဆောင်ရမည်ဖြစ်၍ တင်ဒါရွေးချယ်ရာတွင်လည်း ဂျပန်ကုမ္ပဏီများကို ဦးစားပေးရွေးချယ်မည်။

ယခုဒီဇိုင်းရေးဆွဲပြီးဖြစ်သောကြောင့် ထွက်လာသည့် Drawing များကို တင်ဒါ Document ဆိုပြီး တင်ဒါ ဝယ်ယူသူများအတွက် လုပ်ပေးရသည်။

တံတား တည်ဆောက်လိုသည့် လျှောက်ထားသည့် ကုမ္ပဏီများပြားလျက်ရှိသည်။

ထိုတံတား အား ရန်ကုန်-သန်လျင်မြစ်ကူးတံတားအမှတ်(၁) အောက်ဘက်ရှိ ၁၂၅ မီတာခန့်အကွာတွင်တည်ဆောက်မည်ဖြစ်ပြီး သာကေတမြို့နယ် ဧရာဝဏ် လမ်းမကြီးအား ဖြတ်သန်း၍ သန်လျင်မြို့နယ်အတွင်းသို့ တိုက်ရိုက်ဆက်သွယ်တည်ဆောက်မည်ဖြစ်သည်။

ဆောက်လုပ်မည့် တံတား ပုံစံသည် ပင်မ တံတားအရှည်ပေ ၁၉၂၈ မီတာ၊သာကေတ မြို့တစ်ဖက်ကမ်း ချဉ်းကပ်တံတား ၅၄၇ မီတာ၊သန်လျင်ဘက်ခြမ်း ချဉ်းကပ်တံတား ၁၈၈ မီတာ၊တံတားအကျယ် ၂၄ မီတာ ရှိပြီး လေးလမ်းသွားတံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။

Local Read 51 times