၁၅ နှစ်အရစ်ကျတန်ဖိုးမျှအိမ်ရာစီမံကိန်း ပဲခူးတွင်အကေင်အထည်ဖော် ဆောင်ရွက်မည်


18 December, 2019

၁၅ နှစ်အရစ်ကျစနစ်ဖြင့် အိမ်ခန်းပိုင်နိုင်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ကိုပဲခူးတွင် ဆောက်လုပ်နိုင်ရန်အတွက် Pride Myanmar Development (PMD) Co., Ltd မှ Chairman ဦးမင်းကျော်စန်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ဒီဇင်ဘာလ(၁၈)ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်တင်ပြခဲ့ကြောင်း သိရသည်။

''ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက် ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ အဓိကအားဖြင့် လူဦးရေ တိုးတက်များပြားလာခြင်း နှင့်အတူ အိုးအိမ်လိုအပ်မှုလည်း ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

အဆိုပါ တန်ဖိုးမျှတအိမ်ရာအတွက် အကျယ် ၈၀၀ စတုရန်းပေရှိ အခန်းတစ်ခန်းကို တစ်လလျှင် ငွေ၂၂၆၀၀ဝ ကျပ်အဖြစ်လည်းကောင်း၊ အကျယ် ၆၀၀ စတုရန်းပေရှိ အခန်းတစ်ခန်းကို တစ်လလျှင် ငွေ ၁၉၈၀၀ဝ ကျပ်အဖြစ်လည်းကောင်း၊

အကျယ် ၃၂၄ စတုရန်းပေရှိ အခန်းတစ်ခန်းကို တစ်လလျှင် ငွေ ၉၅၀၀ဝ ကျပ် အဖြစ်လည်းကောင်း ပေးသွင်းသွားရမည် ဖြစ်ပြီး ၁၅ နှစ်ကြာသည့်အခါ အခန်းပိုင်ဆိုင်ခွင့်ရမည် ဖြစ်ကြောင်း ၊ ကြိုတင်ငွေ ပေးသွင်းရန်မလိုကြောင်းလည်းသိရသည်။

 

Local Read 84 times