ကျူးကျော်အဖြစ်သတ်မှတ်ခံရတဲ့ ဗဟန်းဆာဘိုးသာခြံ အိမ်ရာစီမံကိန်းဆောက်မည်


02 November, 2020

 

ဗဟန်းမြို့နယ်ငါးထပ်ကြီးတောင်ရပ်ကွက်မှကျူးကျော်အဖြစ်သတ်မှတ်ခံရသည့်ဆာဘိုးသာခြံလမ်းတွင်အိမ်ရာစီမံကိန်းတစ်ခုဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းမြေမှာအမွေဆက်ဆံသူများနှင့်ကိုရီးယားဆောက်လုပ်ရေးလုပ်ငန်းတစ်ခုပူးပေါင်းပြီးအိမ်ရာစီမံကိန်း ဆောက်ရန်ပြင်ဆင်နေကြောင်းသိရသည်။

အိမ်ရာဆောက်နေစဉ်အတွင်းမှာလည်းဒေသခံများနေထိုင်ရန်အတွက်စီစဉ်ပေးမည်ဖြစ်ကြောင်းသိရသည်။

အစိုးရအနေနှင့်ယင်းနေရာကို မြို့ပြအင်္ဂါရပ်နှင့်မညီဘူးဟုသတ်မှတ်ထားသည်ဟုသိရသည်။
ဆာဘိုးသာခြံလမ်းသည်မြို့ပြအင်္ဂါရပ်နှင့်မညီသည့်ခြံကိုအမွေဆက်ခံသူများကမြို့ပြအင်္ဂါရပ်နှင့်ညီအောင် လုပ်ဆောင်သွားရန်လွန်ခဲ့သည့်၂နှစ်ကတည်းက ကြိုးပမ်းနေကြောင်းသိရသည်။

အစိုးရကတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီးဖြစ်ကာခြံထဲကဒေသခံများအတွက် ပြောဆိုထားပြီးဖြစ်ကြောင်းလဲသိရသည်။

တိုင်းအစိုးရကစာရင်းကောက်သော်လည်းပြောင်းရွေ့ရန်အစီအစဉ်များလုပ်ဆောင်မှာမဟုတ်ကြောင်းလဲသိရသည်။

၂၀၁၇ခုနှစ် ဇွန်လ ၁၂ရက်နေ့တွင်ဗဟန်းမြို့နယ်တွင်ကျူးကျော်စာရင်းစတင်ကောက်ခံပြီးကျူးစလစ်ကဒ်တွေ ထုတ်ပေးခဲ့ပါသည်။

သို့သော်ဆာဘိုးသာခြံမှာနေထိုင်သည့်ပြည်သူများကကျူးစလစ်ကဒ်သွားရောက်မထုတ်ယူခဲ့ကြပါဘူး။

ဆာဘိုးသာခြံလမ်းမှာ ၈ ဧကခွဲ ကျယ်ဝန်းပြီး အိမ်ထောင်စု ၃၇၃စု နေ ထိုင်ကြောင်းသိရပါသည်။

ထို့ကြောင့်အစိုးရမှဒုတိယအကြိမ်ကျူးကျော်စာရင်းထပ်မံလာကောက်မည့်အချိန်ကိုမသိရသေးပါ။

ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းကဆန်စပါးကုန်သည်ဦးဘိုးသာကသူ့၏လုပ်ငန်းတွင်လုပ်ကိုင်သူ ၁၄ဦးကို ယခုမြေပေါ်တွင်နေထိုင်ခွင့်ပေးခဲ့ကြောင်းသိရသည်။

imyanmarhouse

Public Housing Local Read 360 times