နေပြည်တော်တွင် တည်ဆောက်မည့် ဝါးကျေးရွာ


02 November, 2020

ဝါးကိုအသုံးပြုပြီး နေအိမ်အပါအဝင်၊ တခြားသောလုပ်ငန်းများပါဝင်မည့် ကျေးရွာတစ်ခုကို နေပြည်တော်တွင် တည်ဆောက်ရန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ပြောကြားထားကြောင်းသိရသည်။

ယင်းကျေးရွာတွင် ဝါးဖြင့်ဆောက်ရွက်ရသည့် လက်မှုလုပ်ငန်းစီးပါားရေးလုပ်ငန်းမျိုးစုံ ပါဝင်မည့်ဖြစ်သည့်အပြင် ဟိုတယ်လုပ်ငန်းရှင်များဖြင့် ညှိနှိုင်းကာ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းအတွက်ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြေဧကမှာရှိပြီးသားဖြစ်သော်လည်း လိုအပ်နေသည့်အပိုင်းများကို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နှင့် ပြုလုပ်နေပါသည်။


ယင်းစီမံကိန်းကိုပြုလုပ်ရခြင်းမှာ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိရန်အတွက် ပြုလုပ်ခြင်းဖြစ်သည့် အတွက် ဝါးနှင့် ပတ်သက်သောလုပ်ငန်းမျိုးစုံပါမည် ဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းပြီးစီးသွားပါက ခရီးသွားလုပ်ငန်းများအတွက်လည်း အများကြီးအထောက်အကူ ရလာမည် ဖြစ်ကြောင်းသိရသည်။


မြန်မာနိုင်ငံအနေဖြင့် ဝါးကဏ္ဍမှ ဝင်ငွေအမြောက်အမြားရရှိနိုင်ရေးနှင့် ဝါးလုပ်ငန်းကို လက်ရှိထက်နည်းပညာ တိုးတက်လာစေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် နေကြောင်းသိရသည်။


ဝါးသယံဇာတသည် ကျေးလက်ဒေသများအတွက် များစွာအထောက်အကူပြုသောကြောင့် ဝါးစိုက်ခင်း ထူထောင်လိုသည့် လုပ်ငန်းရှင်များကို တစ်ဦးလျှင် ဧကတစ်ရာအထိ ဝါးစိုက်ပျိုးနိုင်ရန် ခွင့်ပြုထား ကြောင်း သိရသည်။
Source: Pyimyanmar journal

Local Region Read 53 times