ဖူးခက်တွင် တခန်း ဒေါ်လာ ၃ သိန်းကျော်တန် အခန်း ၆,၀၀၀ ပါ ဒေါ်လာ ၂ ဘီလီယံ အကြီးမားဆုံး အိမ်ရာစီမံကိန်း


10 February, 2024

ဖူးခက်တွင် တခန်း ဒေါ်လာ ၃ သိန်းကျော်တန် အခန်း ၆,၀၀၀ ပါ ဒေါ်လာ ၂ ဘီလီယံ အကြီးမားဆုံး အိမ်ရာစီမံကိန်း စင်ကာပူမှ Banyan Group အကောင်အထည်ဖော်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

စင်ကာပူအခြေစိုက် Banyan Group သည် ထိုင်းအပန်းဖြေကျွန်း ဖူးခက်တွင် အကြီးမားဆုံး အထက်တန်းစား အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

 Laguna Lakelands ဟု အမည်တွင်သည့် အိမ်ရာစီမံကိန်းကို ကျွန်း အနောက်ဘက်ကမ်းရိုးတန်းတွင် ယခုနှစ် အနှောင်းပိုင်းတွင် စတင်ဆောက်လုပ်မည်။ 

 

 လူနေအိမ်ရာတိုက်ခန်း ၆,၀၀၀ ပါဝင်ပြီး တိုက်ခန်းတခန်း ပျမ်းမျှဈေးနှုန်းမှာ $325,000 ဖြစ်ပါသည်။လာမည့် ၅ နှစ်မှ ၁၀ နှစ်အထိ အဆင့်ဆင့် ဆောက်လုပ်သွားမည် ဖြစ်ပါသည်။ 

ပထမအသုတ် ယူနစ် ၃၀၀ စတင်ရောင်းချခဲ့ရာ ၂၀% ခန့် ရောင်းချထားပြီး ဖြစ်သည်ဟု Banyan က ပြောကြားသည်။ 

ဝယ်ယူသူများတွင် ၇၀-၈၀%  သည် ရုရှားနိုင်ငံသားများ ဖြစ်သည်။ 

 

၄ထပ်နှင့် ၇ ထပ် အဆောက်အဦများရှိ အိပ်ခန်း ၁ ခန်းမှ ၃ ခန်းအထိ ပါသည့်  Lakeview Residences ကွန်ဒိုတိုက်ခန်းများပါဝင်သည်။ ယူနစ် ကြမ်းခင်းဧရိယာများမှာ ၂၅ စတုရန်းမီတာမှ ၁၁၉ စတုရန်းမီတာအထိ ဖြစ်ပြီး ရောင်းဈေးများမှာ အနည်းဆုံး ဘတ် ၆ ဒသမ ၈သန်းမှ စတင်သည်။ 

အိပ်ခန်း ၄ ခန်းပါ Waterfront Villa ၁၄ လုံး ပါသည်။ ၎င်းဗီလာအသီးသီးတွင် ကိုယ်ပိုင် ရေကူးကန်နှင့် ပန်းဥယာဉ်တို့ ပါဝင်သည်။ ရောင်းဈေးမှာ ဘတ် သန်း ၆၀ ဖြစ်ပြီး ဆော်ဒီအာရေဗျနှင့် တရုတ် နိုင်ငံသားတို့ထံ ဗီလာတလုံးစီ ရောင်းချထားသည်။ 

 

အိမ်ရာစီမံကိန်း စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၂ ဘီလီယံရှိပြီး Banyan ၏ လူနေအိမ်အမှတ်တံဆိပ်များတွင် အကြီးမားဆုံး စီမံကိန်း ဖြစ်သည်။ 

 

 . 

 

 

ဖူးခက်တွင် အိမ်ရာများ စန်းထနေသည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တဆယ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့သည်။ စုစုပေါင်း ၁,၄၈၆ ယူနစ် ရောင်းချခဲ့သည်။ တနှစ်တာတွင် ယူနစ် ၃,၀၀၀ ကျော် ရောင်းချခဲ့ပြီး အများစုမှာ ကွန်ဒိုမီနီယံများ ဖြစ်သည်။ ဝယ်ယူသည့် နိုင်ငံခြားသားများတွင် ရုရှား၊ တရုတ်နှင့် ဗြိတိန် နိုင်ငံသားများ အများဆုံး ဖြစ်သည်။ 

 

Banyan ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အာရှ၏ ထိပ်တန်းပရီမီယံ ဟိုတယ်၊ အပန်းဖြေစခန်းနှင့် အိမ်ရာ အော်ပရေတာများထဲမှာ ပါဝင်သည်။ 

.

Banyan Tree၊ Angsana နှင့် Cassia ကဲ့သို့သော အမှတ်တံဆိပ်များကို Banyan ပိုင်ဆိုင်ထားပြီး နိုင်ငံပေါင်း ၂၀ ကျော်တွင် ဟိုတယ် ၇၀ နှင့် အိမ်ရာတိုက်တာ ၁၄ ခုကျော်ကို လက်ရှိလုပ်ကိုင်လျက်ရှိသည်။

 Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Residential Read 104 times