တန်ဖိုးနည်းအိမ်ရာများကိုကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့်အခြေခံပြည်သူများဝယ်နိုင်ရေး


02 November, 2020

 

လက်ရှိတည်ဆောက်လျက်ရှိသည့်တန်ဖိုးနည်းအိမ်ရာများကိုကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့် အခြေခံပြည်သူများဝယ်ယူနိုင်စွမ်းရှိစေရေးအတွက်အခန်းအကျယ်အဝန်းစတုရန်းပေ ၄၀၀ ကိုအခြေခံစံထားကာတည်ဆောက်လျှက်ရှိကြောင်းသိရသည်။

တိုက်ခန်းတန်ဖိုးကိုကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြစ်အောင်အကောင်အထည်ဖော်နေကြောင်းသိရသည်။

ယခင်နေထိုင်မှုပုံစံအရ ၆၀၀ စတုရန်းပေ၊ ၆၅၀၊ ၈၀၀၊ ၉၀၀ စသဖြင့်အမျိုးမျိုးတည်ဆောက်ခဲ့သော်လည်း ယခုချိန်တွင်အခြေခံပြည်သူများဝယ်ယူနိုင်စွမ်းရှိရန်ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြစ်စေရန် အခန်းအကျယ်အဝန်းကိုလည်းအနည်းငယ်ကျဉ်းထားကြောင်းသိရသည်။

ထို့ပြင်လက်ရှိအကောင်အထည်ဖော်နေသည့် တိုက်ခန်းများတွင် တိုက်ခန်းဈေးများမြင့်တက်နေခြင်းနှင့် ပတ်သက်ပြီးတိုက်ခန်းတန်ဖိုးမြင့်တက်လာခြင်းမှာအလုပ်သမားခများလည်းအချိန်နှင့်အညီတိုးပေးရခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများတွင်အဓိကကျသောသံချောင်း၊ ဘိလပ်မြေစသောပစ္စည်းများကို နိုင်ငံခြားကတင်သွင်းရသောကြောင့်ငွေကြေးလဲလှယ်မှုနှုန်းအရဈေးနှုန်းမြင့်မားလာသောကြောင့် တန်ဖိုးမြင့်တက်သွားရခြင်းဖြစ်သည်။

အိမ်ရာစီမံကိန်းတစ်ခုပြည့်စုံစေရန် External Infrastructure လုပ်ပေးရခြင်း၊ လမ်း၊ရေ၊ မီးများနှင့်ပတ်သက်ပြီး ပြည့်စုံအောင်လုပ်ပေးရခြင်းများပြုလုပ်ပေးရပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်တစ်နှစ်အတွင်းအိမ်ရာအခန်းပေါင်း ၄၀၀၀ ကိုတည်ဆောက်အကောင်အထည် ဖော်ရန်ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။

ထို့ပြင်ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်ရန်ကုန်တိုင်းဒေသကြီးတွင်လာမည့်နှစ်နှစ်အတွင်း အိမ်ရာယူနစ်ပေါင်း ၈၀၀၀ ကိုအကောင်အထည်ဖော်ရန်ရည်းမှန်ချက်ထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

imyanmarhouse

Public Housing Local Read 86 times