ထိုစီမံကိန်းကို ကမ်းနားလမ်းနှင့် ဖောင်တော်ဆိပ်လမ်းထောင့်၊ ညောင်ရွှေ၊ အင်းလေးကန် တွင် တည်ဆောက်လျှက်ရှိုပါသည်။
ထိုဟိုတယ်စီမံကိန်းကို Khanle Jems and Jewellery မှ ဦးစိုင်းစန်ပွင့်မှပိုင်ဆိုင်ကြောင်းသိရသည်။
ယင်းဟိုတယ်ကို ၂၀၁၆ခုနှစ် အောက်တိုဘာလလောက်တွင် စတင်ဖွင့်လှစ်နိုင်မည်ဟု သိရသည်။
ထိုဟိုတယ်တွင် အထပ်ပေါင်း ၆ ထပ်ခွဲပါရှိပြီး အခန်းပေါင်း ၅၀ ခန့်ပါဝင်ကြောင်းသိရသည်။
ယင်းဟိုတယ်စီမံကိန်းကို မြန်မာနိုင်ငံမှ Best Western Green Hill Hotel နှင့် Best Western Chinatown တို့ကို တာဝန်ယူစီမံခန့်ခွဲခဲ့သောအမေရိကန်နိုင်ငံ Best Western Hotels and Resorts မှတာဝန်ယူစီမံခန့်ခွဲမည်ဖြစ်သည်။
ထိုဟိုတယ်တွင် အဆင့်မြင့် Twin Balcony, Suite Balcony, Standard Twin Room ဟု အခန်း အမျိုးအစားခွဲခြားထားကြောင်းသိရသည်။
ယင်းဟိုတယ်သည် မြစ်ကမ်းနံဘေးတွင် တည်ဆောက်လျှက်ရှိသောကြောင့် ကမ်း၏သဘာဝအလှကို ခံစားနိုင်ခြင်းနှင့် အပေါ်နှစ်ထပ်တွင် ဘားကောင်တာများထားရှိကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from agoda website,phone and facebook.