ရှေးဟောင်းအဆောက်အအုံနှင့် နေရာပေါင်း၁ဝဝကျော်တွင်အပြာရောင်ကမ္ပည်းပြားများထပ်မံတပ်ဆင်ရန် စီစဉ်


04 December, 2020

ရန်ကုန်မြို့တွင် ကျန်ရှိနေသော ရှေးဟောင်းအဆောက်အအုံနှင့် နေရာပေါင်း ၁ဝဝ ကျော်တွင် အပြာရောင်ကမ္ပည်းပြား များထပ်မံတပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ထံမှ သိရသည်။

ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံ နှင့်နေရာပေါင်း ထောင်ချီရှိပြီး ယင်းတို့အနက် သမိုင်းဝင်အထင်ကရနေရာများနှင့် အထိမ်းအမှတ် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ဦးစားပေးအပြာရောင်ကမ္ပည်းပြားများ တပ်ဆင် မည်ဖြစ်သည်။

တပ်ဆင်ပေးမည့် အပြာရောင်ကမ္ပည်းပြားများကို သြစတေးလျနိုင်ငံ မှာယူထားရှိပြီး ကုန်ကျစရိတ်ကို နိုင်ငံတကာမှ အလှူရှင်များ နှင့် ပြည်တွင်းအလှူရှင်များက ကူညီပေးလျက်ရှိသည်။

လက်ရှိတွင်အဆောက်အအုံပေါင်း ၂၁ ခုနှင့် နေရာတစ်ခုကို အပြာရောင်ကမ္ပည်းပြားတပ်ဆင်ပြီးစီးခဲ့ပြီး ဆက်လက်တပ်ဆင်ရန်စီစဉ်နေကြောင်းသိရသည်။

အပြာရောင်ကမ္ပည်းပြားတပ်ဆင်ပေးတယ်ဆိုတာ ထိုသမိုင်းဝင်နေရာ များကို ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်သလို သမိုင်းဝင်အဆောက်အအုံ၊နေရာများ နှင့် ပတ်သက်၍ ပြည်သူများ၊အထူးသဖြင့် လူငယ်လူရွယ်များ သိရှိစေရန် ရည်ရွယ်သည်။

ထပ်မံတပ်ဆင်ပေးရန်လည်း ရှိသည်။

ယခုလောလောဆယ်တွင် အဆောက်အအုံ နှင့် နေရာပေါင်း ၁ဝဝ တွင် ထပ်မံတင်ဆင်ရန် စီစဉ်နေသည်။

ယခုနှစ်အတွင်း အင်းလျာကန်၊မြို့မကျောင်းနှင့် ဗိုလ်အောင်ကျော်လမ်းကို တပ်ဆင်ပေးရန် လည်း ရှိသည်။ လုပ်ဆောင်မည့် ရက်ကို အတိအကျ မပြောနိုင်သေးပေ။

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံနှင့် အထင်ကရ နေရာများအား အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းကို ၂ဝ၁၄ ခုနှစ်အတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဆက်လက်တပ်ဆင်လျက်ရှိသည်။

ရန်ကုန်မြို့တွင်းတွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ရှေးဟောင်းအမွေအနှစ်များလည်း ခြိမ်းခြောက်ခံလာရကြောင်း ယင်းအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့်

ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ပြအမွေအနှစ်များရေရှည်တည်တံ့စေရန်ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့သို့ လာရောက်လည်ပတ်သော နိုင်ငံခြား ခရီးသွားဧည့်သည်များသည်လည်း အပြာရောင်ကမ္ပည်းပြားများမှတစ်ဆင့် သမိုင်းဝင်အခြေအနေများကို လေ့လာနိုင်မည့်ဖြစ်ပြီး အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 64 times