2017 နှစ်ကုန်ပိုင်းတွင်အပြီးတည်ဆောက်မည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာ အပိုင်း(၂)


02 November, 2020

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိဗိုလ်ဗထူးတန်းဖိုးမျှတအိမ်ရာအပိုင်း(၂) ယခုနှစ်ကုန်တွင်ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှသိရသည်။


ထို့ကြောင့်ယင်းအပိုင်း၂မှ တိုက်ခန်းများကိုရောင်းချတော့ မည်ဖြစ်သောကြောင့် မေလပထမပတ်ကလျှောက်လွှာများစတင်ဝယ်ယူနိုင်ကြောင်းထုတ်ပြန်ကြေငြာထားသည်။


ဗိုလ်ဗထူးအိမ်ရာအပိုင်း (၂) တွင်လေးခန်းတွဲရှစ်ထပ်တိုက် ၂၇ လုံး၊ အခန်းစုစုပေါင်း ၈၆၄ ခန်းပါ ဝင်မည်ဖြစ်၍ လျှောက်ထားလိုသူသည် အစိုးရဝန်ထမ်းဖြစ်ပါကလုပ်သက် နှစ်၂၀ ကျော်ရမည်ဖြစ်ကာ အမှန်တကယ်နေထိုင် မည့်သူဖြစ်ကြောင်း အထက်လူကြီး၏ ထောက်ခံချက်ပါရမည် ဖြစ်သည်။

 

ပြင်ပမှဝယ်ယူမည်ဆိုပါကနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူဖြစ်၍ အိမ်ထောင်ဦးစီးဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

 

လျှောက်ထားမည့်သူ၏ မိသားစုလစဉ်ဝင်ငွေသည်ကျပ်သုံးသိန်းနှင့်အထက်ရှိရမည်ဖြစ်၍တိုက်ခန်းကို ဝယ်ယူခွင့်ရရှိပါက ငါးနှစ်အတွင်းပြန်လည်ရောင်းချခွင့်ရှိမည်မဟုတ်ပေ။

 

လျှောက်ထားသူများသည်ပထမအသုတ်ဖြစ်သည့် ဗိုလ်ဗထူး နှင့် ဗိုလ်မင်းရောင်အိမ်ရာအပိုင်း ၁ တွင် ဝယ်ယူသူများမဖြစ်ရန် လိုအပ်ကြောင်းသတ်မှတ်ထားသည်။


ဗိုလ်ဗထူးအိမ်ရာတိုက်ခန်းများသည် ၉၂၇ စတုရန်းပေ၊၈၂၇ စတုရန်းပေ၊ ၆၁၄ စတုရန်းပေ၊ ၅၁၄ စတုရန်းပေဟူ၍ အကျယ်အဝန်းအမျိုးအစားလေးမျိုးရှိသည်။


အကျယ်အဝန်းပေါ်မူတည်၍ တိုက်ခန်းများ၏ တန်ဖိုးကို ကျပ်သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိ ရောင်းချရန် ကနဦးသတ်မှတ်ထားသည်။

imyanmarhouse

Public Housing Local Read 167 times