BRCCA အား မဲခွဲဆုံးဖြတ်ကာ ရပ်ဆိုင်းခဲ့


20 November, 2020

ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဖွဲ့စည်းပေးထားသော တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးစစ်ဆေးရေးအဖွဲ့ (BRCCA)အား ဇန်နဝါရီလ ၂၁ရက်မှ ကျင်းပသည့် တိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ ရပ်ဆိုင်းလိုက်သည်။

ယင်းအဖွဲ့အား ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များထွက်ပေါ်လာသည့်အထိ ရပ်ဆိုင်း ဆောင်ရွက်သင့်ကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ အဆိုတင်သွင်းခဲ့ကြောင်းတက်ရောက်လာသည့်လွှတ်တော်ကိုယ်စားလှယ် ၆၆ဦး ရှိပြီးထောက်ခံမဲ ၄ဝဦး၊ကြားနေမဲ ၃ဦးနှင့် ကန့်ကွက်မဲ ၂၂ဦးတို့ဖြင့် အဆိုအောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်မှ ထုတ်ပြန်သည်။

ယခုအနေအထားသည်အခြေခံဥပဒေနှင့် မကိုက်ညီသော အဆိုတင်သည်။နည်းဥပဒေများ၊ဥပဒေများ ထွက်လာသည့် အချိန်ထိ ရပ်ဆိုင်းထားသင့်သည်ဟု အဆိုတင်သွင်းသူ ထန်းတပင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားသည်။

တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့(BRCCA)အား ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ်ကိုယ်စားလှယ်မှ နိုင်ငံအဝန်းတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ဘဏ္ဍာငွေအလေအလွင့်မဖြစ်စေရေးအတွက်တတိယအဖွဲ့အစည်းတစ်ခုဖွဲ့ပြီး ကြီးကြပ်ပေးရန် အဆိုတင်သွင်းအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွက်တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေး စစ်ဆေးရေးအဖွဲ့(BRCCA)အား ၂ဝ၁ရခုနှစ် ဇန်နဝါရီလမှ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ယင်းအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ပြီး အရည်အသွေးစံချိန် စံညွှန်းမီ မမီ ထုတ်ပြန် ပေးရကြောင်း၊ယင်းအပြင်စီမံကိန်းတန်ဖိုးကုန်ကျစရိတ်၏ ၂ရာခိုင်နှုန်းအား အဖွဲ့မှ ရယူရကြောင်း အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

BRCCA အဖွဲ့အား နည်းဥပဒေ မထွက်ခင် ရပ်ဆိုင်းထားရန် အဆိုအား တင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ်မှ မှတ်တမ်းအဖြစ်ထားရှိရန်သာ တင်ပြခဲ့သော်လည်း လွှတ်တော် တာဝန်ရှိသူမှ ဖိအားပေးပြီး မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာအဆိုကို ထောက်ခံသူ ၄ဝဦးရှိပြီး ကန့်ကွက်မဲပေးသူ ၂၂ဦးရှိကြောင်း၊အဖွဲ့အနေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်ကိုမပြောလိုသော်လည်း အဖွဲ့အနေနှင့် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း BRCCA အဖွဲ့ ဒုတိယ ဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်းသိရသည်။

Source:The Voice

Local Read 35 times