အုတ်စီနည်းနှင့် တွက်ချက်နည်း


01 March, 2020

၉'' လက်မ အုတ်ရှိးစီရာတွင် (၁၀×၁၀) ပတ်လည် တစ်ကျင်းစီရာတွင် အုတ်အလုံး အရေအတွက် ၁၀၄၀ ခဲ ကုန်ကျပါတယ်။ အလျား ၂၆ ခဲ၊ အနံ ၄၉ ခဲ (၂၆×၄၀ = ၁၀၄၀ ခဲ) ကုန်၍ ၉'' လက်မအုတ် ရိုးနစ်ကျင်းစီရာတွင် ဘိလပ်မြေ ၁×၄ အချိုး ၆ အိပ် ကုန်ပါတယ်။

 ၄''လက်မခွဲ အုတ်စီရာတွင် (၁၀×၁၀) ပတ်လည် တစ်ကျင်းစီရာတွင် အုတ်အလုံး အရေအတွက် ၅၄၀ ခဲ ကုန်ကျပါတယ်။ အုတ်စီရာတွင် အလျား ၁၃ခဲ ၅မူး (၅မူးဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ်ရဲ့ တစ်ဝက်ကို ၅မူးလို့ သတ်မှတ်ပါတယ်။)၊ အနံ ၄၀ ခဲ (၁၃/၅×၄၀ = ၅၄၀ ခဲ) ကုန်၍ ၄''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁×၄ အချိုး ဘိလပ်မြေ ၂အိပ်နှစ်အိပ်တစ်ပိုင်း ကုန်ပါတယ်။

 ၉'' လက်မအုတ်ရိုး စီရာတွင် အလွှားမထက်ရာအောင် စုံ၊ မ ခွဲခြားစီတတ်ဖို့လိုပါတယ်။ ဒါမှ ဒမ်နှစ်လွှား၊ စုံနစ်လွှား ထပ်မှာမဟုတ်ပါ။၃-၅-၇-၉ မ, ဂဏန်း များတွင် ဒမ်စီပြီးသွားရရပါမည်။ ၂-၄-၆-၈,စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်။

 အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့် အမြင်ကောင်းကောင်းရှိပါသည်။ နောက်ပြီး ဂျပန်ကွက်၊ တရုတ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။ ဂျပန်ကွက်တွင် အလျား ၂ခဲ၊ အနံ၂ခဲ ပုံမှန်သွားရပါသည်။ တရုတ်ကွက်တွင်အလျား ၂ ခဲ အနံ ၁ခဲဖြစ်ပါတယ်။ ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက် နှင့် စီသွားပြီး အလျား ၂ ခဲ၊ အနံ ၂ခဲ စီရင်ပိုခိုင်ပါတယ်။

Tips Read 1371 times