ကယားပြည်နယ်တွင် ခရီးသွားရာသီအစ ဟိုတယ်အခန်းမလုံလောက်မှုများဖြစ်ပေါ်နေသောကြောင့် ဟိုတယ်အသစ် ၁၃လုံးကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊လွိုင်ကော်ရုံးတာဝန်ခံထံမှ သိရသည်။
ကယားပြည်နယ်တွင်ယခုအခါဟိုတယ် ၁၆လုံး၊အခန်း ၃၄၇ခန်းသာရှိသောကြောင့် ဝင်ရောက်လာသောခရီးသည်နှင့် မလုံလောက်မှုဖြစ်ပေါ်လျက်ရှိရာ
ခရီးသွားဝင်ရောက်မှုများသော လွိုင်ကော်မြို့တွင် ၁၂လုံးနှင့် ဘော်လခဲမြို့တွင် တစ်လုံးကို တစ်နှစ်မှ သုံးနှစ်အတွင်း အသီးသီးအပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အောက်တိုဘာလတွင် ပြည်တွင်းဧည့်သည်များအတွက် တည်းခိုရန်အခန်းများမရနိုင်သည့်အတွက် လွိုင်ကော်နှင့် ဘော်လခဲမြို့တွင် အသစ်တည်ဆောက်ရန် ခွင့်ပြုထားကြောင်း သိရသည်။
ခွင့်ပြုထားသည့်အထဲတွင် ဟိုတယ်၁၁ထပ်ရှိသော ဟိုတယ်တစ်လုံးလည်းပါဝင်ကြောင်း သိရသည်။
ကယားပြည်နယ်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသောကြောင့် ကယားတိုင်းရင်းသားကျေးရွာ၊ကယန်း တိုင်းရင်းသားကျေးရွာ၊ပန်ပက်ကျေးရွာ၊တနှီးလာလဲကျေးရွာများကို
လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ကျေားရွာများအဖြစ်ဆောင်ရွက်ထားကာ မကြာမီတောင်ပတ်လည်ဝန်းရံထားသော
ဒေါတမကြီးကျေးရွာနှင့် လီရှုတိုင်းရင်းသားကျေးရွာကိုလည်း လူထုအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင်လှပသောနေရာများစွာရှိပါသည်။ထို့ကြောင့် ခရီးသွားလုပ်ငန်းနေရာများဖော်ဆောင်ရန် လုပ်နေခြင်းဖြစ်သည်။
လိုအပ်သောလမ်းပိုင်းဆိုင်ရာအတွက်လည်းဆောင်ရွက်နေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာလျှင်တိုင်းရင်းသားများ၏အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလာနိုင်မည်ဖြစ်သည်။
ကယားပြည်နယ်သို့ပြည်တွင်းပြည်ပခရီးသွားဧည့့်သည်များ တစ်နှစ်ထက်တစ်နှစ်ပိုမိုဝင်ရောက်လည်ပတ်လျက်
ရှိရာ၂ဝ၁၅ခုနှစ် တွင်ပြည်တွင်း ၁၃၇၇၈ဦးနှင့် ပြည်ပ၃၉၃၃ဦး၊၂ဝ၁၆ခုနှစ်တွင် ပြည်တွင်း ၁၆၉၉၄ဦးနှင့် ပြည်ပ ၆၃၇၄ဦး၊၂ဝ၁၇ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိပြည်တွင်း
၁၆၆၉၉ဦး၊ပြည်ပ၅၄၄၇ဦးတို့လာရောက်ခဲ့ကြကြောင်း သိရသည်။
Pyi Myanmar