ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား အပေါင်ပစ္စည်းမယူဘဲ ချေးငွေပေးရန်လိုအပ်


08 November, 2020

ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အပေါင်ပစ္စည်းမလိုဘဲ ချေးငွေပေးရန် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရမှ အာမခံပေးရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်များမှ ပြောကြောင်းသိရသည်။

အသေးစားဆောက်လုပ်ရေးလုပ်ငန်းများကို ချေးငွေပေးမည်ဆိုလျှင် တိုင်းဒေသကြီးအစိုးရမှ အာမခံပေးရမည်ဖြစ်ကြောင်း၊အာမခံမရဘဲချေးငွေပေးရန်မှာ မဖြစ်နိုင်ကြောင်း၊ချေးငွေရခဲ့မည်ဆိုလျှင် တိုင်းဒေသကြီးအစိုးရ နှင့် တာဝန်ရှိသော အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ချေးငွေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုချိန်တွင် ချေးငွေရမည်ဟု တရားဝင်အကြောင်းကြားမှုများ မရှိသေးသောကြောင့် ကြိုတင်ဆောင်ရွက်နေမှုများလည်း မရှိသေးကြောင်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။

ဆာက်လုပ်ရေးကဏ္ဍတွင် ဈေးကွက်ကျဆင်းမှုကြောင့်လုပ်ငန်းလည်ပတ်ရန်အခက်အခဲရှိနေသောလုပ်ငန်းများနှင့် ငွေကြေးအခက်အခဲကြောင့် အပြီးသတ်ရန် ခက်ခဲနေသည့်

ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများအနက်အလားအလာကောင်းသောလုပ်ငန်းများကိုနှစ်ဆင့်ခံချေးငွေများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့်

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားကြောင်းသိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုချေးငွေထောက်ပံ့ပေးနိုင်ရန်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းတစ်ခုအနေဖြင့် အသေးစားလုပ်ငန်းရှင်များကို ချေးငွေပေးမည်ဆိုလျှင်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်းကိုလည်းသိရသည်။

ဘဏ်ချေးငွေရယူရန် ဆောက်လုပ်ရေးစီမံကိန်းမြေနေရာကိုအပေါင်ပစ္စည်းအဖြစ်ထားမရသည့်အတွက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အခက်အခဲရှိသည်ကိုလည်းသိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ချေးငွေများ ရယူရန်ခက်ခဲနေပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အပါအဝင် အခြားပုဂ္ဂလိကဘဏ်များမှ ချေးငွေရယူရန်လည်း

မလွယ်ကူကြောင်း ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ ပြောကြားကြောင်းသိရသည်။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ဆောက်လုပ်ရေးလုပ်ငန်းများဈေးကွက်ကျဆင်းနေခြင်း၊ လုပ်ငန်းကောင်းကောင်းမလည်ပတ်သည့်အတွက်

အရင်းအနှီးနည်းနေသောကြောင်းချေးငွေမရနိုင်ခြင်းဖြစ်ပြီး ချေးငွေဆိုင်ရာ ဥပဒေများ အမြန်ပြဠာန်းရန်လိုအပ်ကြောင်း၊တချို့ဘဏ်များ ပိုက်ဆံချေးပေးချင်ပေမဲ့ ဥပဒေ မရှိသေးသည့်အတွက် ချေးငွေမပေးနိုင်ကြောင်းသိရသည်။

imyanmar House

Real Estate & Properties Read 67 times