မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင် မဆို အဆောက်အအုံတည်ဆောက်ပါက အရည်အသွေးအားလုံး တပြေးညီတည်ဆောက်နိုင်ရန်အတွက်
Building Code (အဆောက်အအုံဆိုင်ရာစည်းမျဉ်း)အား ရေးဆွဲထားပြီး ဖြစ်ကာ လွှတ်တော်သို့ တင်ပြထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ကျင်းပခဲ့သည့် International Confernce on Enhancement of Urban Disaster Resilience under the UNU Grant for Global Sustainability Projectအခမ်းအနားတွင်ပြောကြားခဲ့ကြောင်း သိရသည်။
နောက်တည်ဆောက်မည့်အဆောက်အအုံများအတွက် ယခု Building Code (အဆောက်အအုံဆိုင်ရာစည်းမျဉ်း)များကို အကြမ်းဆွဲထားပြီးဖြစ်သည်။အတည်ပြုရန်လုပ်နေပြီး ဖြစ်သည်။အဆောက်အအုံ Building Code အား တစ်ပြေးညီရလျှင်
အထပ်နိမ့်ဖြစ်ဖြစ်၊အထပ်မြင့်ဖြစ်ဖြစ်၊မြို့ပေါ်တွင်ဖြစ်ဖြစ်၊ကျေးရွာဖြစ်ဖြစ်တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အရည်အသွေးတစ်ပြေးညီတည်ဆောက်၍ ရသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ယခုအချိန်တွင် ယင်း Building Code (အဆောက်အအုံဆိုင်ရာစည်းမျဉ်း)အားဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူကာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ရေးဆွဲထားပြီးဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်ဆင့်လွှတ်တော်သို့တင်ပြထားကြောင်း သိရသည်။
ရန်ကုန်မြို့ရှိအရေးကြီးအဆောက်အအုံ ၆ဝ၏မြေငလျင်ဒဏ်ခံနိုင်ရည်ရှိမှုနှင့် ခိုင်ခံ့မှုတို့အပေါ် လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင် ၁၉၈ဝပြည့်နှစ်မှ ၂ဝ၁၃ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် အဆောက်အအုံများသည်ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုအား ထည့်သွင်းတွက်ချက်တည်ဆောက်ထားခြင်းမရှိကြောင်း
မြေငလျင်ဆိုင်ရာဖိုရမ်တွင်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ လက်ထောက်အင်ဂျင်နီယာ တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။