အင်ဂျင်နီယာကောင်စီတွင် တိုက်ရိုက်လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် အဆောက်အအုံဆောက်လုပ်ခွင့်


24 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းအဆောက်အအုံဆောက်လုပ်ခွင့်လိုင်စင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရန်မလိုပဲ

အင်ဂျင်နီယာကောင်စီတွင် တိုက်ရိုက်လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

အဆောက်အအုံဆောက်လုပ်ခွင့် တိုက်ရိုက်လိုင်စင်ကို အင်ဂျင်နီယာကောင်စီတွင်ဆောင်ရွက်ပြီး အင်ဂျင်နီယာများမှ တာဝန်ယူကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့

စည်ပင်သာယာဥပဒေနှင့်အညီ အိမ်ရာဆောက်လုပ်ခွင့်ကို လာရောက်တင်ပြရမည်ဖြစ်ကြောင်းသိရသည်။

ယခုဆောင်ရွက်နေသော အိမ်ရာစီမံကိန်းများ ဆောက်လုပ်ခွင့်ပါမစ်ကိစ္စများ အပေါ်တွင် လုပ်ငန်းရှင်များအတွက် အခက်အခဲ ကြုံတွေ့နေရသည့်အခြေအနေများကို ပိုမို လွယ်ကူမြန်ဆန်စေရန် ကြိုးပမ်းမည်ဖြစ်သည်။

ထိုအတွက် အင်ဂျင်နီယာများကို အခွင့်အလမ်းပေးရန် ရှိသည်။

အဆောက်အအုံဆောက်လုပ်သည့်နေရာတွင် အထပ်မြင့်အတိုင်းအတာ၊အကျယ်အဝန်း၊အကွာအဝေး၊ကားပါကင် စသည့် အခြေအနေများကို စည်ပင်သာယာရေးဥပဒေနှင့် အညီ

အင်ဂျင်နီယာ အဖွဲ့အစည်းများ မှ Third Party တစ်ခုအဖြစ် လိုင်စင်များ လျှောက်ထားနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

ယခုဖြစ်နေသည့်အခြေအနေသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံးသို့လာပြီး အိမ်ကို အပေါ်မြှင့်လို့ရသလား?အောက်ကို နှိမ့်လို့ရမလား?ဘေးချဲ့လို့ရမလား?

Square Feet ဘယ်လောက်တိုးရမလဲ?ဆိုသည့် ကိစ္စများသည် အချိန်ကုန်သလိုဖြစ်နေသည်။ထို အခြေအနေ များကို ပြုပြင်ပြောင်းလဲရန် မျှော်လင့်နေကြောင်းသိရသည်။

Laws and Regulations Read 185 times