ခရီးသွားများကိုဆွဲဆောင်နိုင်ရန်နှင့်ဆန်းသစ်သောအတွေ့အကြုံများရရှိစေရန်အတွက်ချောင်းသာနှင့်တောင် ကြီးတွင်ဟိုတယ်နှင့်ဘန်ဂလိုများကို ဝါးဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
ဝါးဖြင့်တည်ဆောက်သောအဆောက်အအုံများကိုနေပြည်တော်၊မော်လမြိုင်၊မန္တလေး၊ချောင်းသာနှင့်တောင်ကြီးမြို့တို့မှတည်ဆောက်ပေးရန်လာရောက်ကမ်းလှမ်းမှုများစွာရှိနေပြီးရန်ကုန်တွင်လည်းဘုန်းကြီးကျောင်းတစ် ကျောင်းနှင့်တိရစ္ဆာန်ဥယျာဉ်အတွင်းအဆောက်အအုံအသေးတစ်လုံး တည်ဆောက်ရန်ရှိကြောင်းသိရသည်။
ဝါးဖြင့်တည်ဆောက်ရာတွင်ဆေးရည်စိမ်တည်ဆောက်မှုနှင့်ရိုးရိုးတည်ဆောက်မှုအတွက်ကုန်ကျမှုငွေပမာဏ ကွာခြားမှုရှိကာ ပေ ၂၀ x ၃၀ ခန့်ရှိသောအဆောက်အအုံတစ်လုံးအား ရိုးရိုးတည်ဆောက်ပါကကျပ် ၄၅၀၀၀၀ ခန့်ကုန်ကျနိုင်သော်လည်း ဝါးအားဆေးရည်စိမ်တည်ဆောက်ပါကကျပ် ၁၀ သိန်းခန့်ရှိနိုင်ကြောင်းသိရသည်။
ဝါးနှင့်ပတ်သက်ပြီးနှစ်သက်တမ်းဘယ်လောက်ခံသည်ဆိုသည်ကိုမြန်မာနိုင်ငံတွင်အတိအကျပြောရန်ခက်ခဲနေ သေးသည်။
ထို့ကြောင့်နိုင်ငံခြားကုမ္ပဏီနှင့်ပူးပေါင်းပြီးခံနိုင်ရည်ဘယ်လောက်ရှိမရှိကိုသုတေသနပြုလုပ်သွားမည်ဖြစ်သည်။
ရန်ကုန်နှင့်မော်လမြိုင်မှာရှိသည့်ဝါးများကအမျိုးအစားချင်းတူသော်လည်းသိပ်သည်းမှုကွာခြင်းမျိုးရှိပါသည်။
မြန်မာ့ဝါးကိုကမ္ဘာမှာအမာဆုံးနှင့်အခိုင်မာဆုံးအဖြစ်သတ်မှတ်ထားသောကြောင့်ထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံ များတွင် အာမခံပေးထားသည့်နှစ် ၉၀ ထက်မနိမ့်နိုင်ကြောင်းသိရသည်။
Source:Pyimyanmar journal