အရောင်းအဝယ်ဖြစ်သည့်အခါ ပထမဆုံးချုပ်ဆိုသော ရောင်းသူ၊ဝယ်သူကြားမှားလေ့မှားထရှိသော အချက်မှာ ရောင်းသူဘက်မှ ပေးလျော်ရမည့် စရန်ငွေ၏ နှစ်ဆဆိုသော အချက်အား ရှင်းရှင်းလင်းလင်းရေးသားသင့်သည်။
အများစုမှာ အလွယ်တကူစာချုပ်ထဲတွင် ရောင်းသူဘက်မှ ပျက်ကွက်လျှင် စရန်ငွေ၏နှစ်ဆ ကိုပေးလျော်ရမည်။ဝယ်သူဘက်မှာ ပျက်ကွက်လျှင် စရန်ငွေ အဆုံး ဆိုပြီး ရေးသားကြသည်။
ရောင်းသူဘက်မှ ပေးလျော်ရမည့် စရန်ငွေ၏ နှစ်ဆ ဆိုသော အသုံးအနှုန်းသည် စရန်ငွေ၏ နှစ်ဆကိုလား။ စရန်ငွေ၏အပါအဝင်နှစ်ဆ ဆိုသော သဘောတရားအား အငြင်းပွားမှုဖြစ်စေ တတ်တာမျိုးရှိကြောင်းသိရသည်။
ဥပမာအရောင်းအဝယ်တစ်ခုကိုစရန်ငွေကျပ် ငါးသိန်းချထားသည်။ပွဲပျက်သွားတော့ဝယ်သူမှာစရန်ငွေ၏ နှစ်ဆကိုတောင်းပြီး ရောင်းသူမှ ကျပ်ဆယ်သိန်းပေးသည်။
သို့သော်ဝယ်သူမှ ဆယ့်ငါးသိန်းပေးရမည်ဟုဆိုသည်။စရန်ငွေ၏နှစ်ဆချင်းတူသော်လည်း သတ်မှတ်ယူဆထားမှုများ ကွဲလွဲခြင်းဖြစ်သောကြောင့် ထိုအချက်အား သတိပြုရမည်ဖြစ်သည်။
စာချုပ်စတင်ချုပ်ဆိုစဉ်ကတည်းက ရှင်းလင်းလွယ်ကူစွာ တိတိကျကျ ထည့်သွင်းချုပ််ဆိုသင့်သည်ဟု သိရသည်။
အပေါ်မှ ဥပမာလို အဖြစ်မျိုးဆိုလျှင် စကားအသုံးအနှုန်းချင်းတူသော်လည်း မှားလေ့မှားထရှိကြသည့် အဖြစ်အပျက်များဖြစ်ကြောင်း အကျိုးဆောင်တချို့နှင့် ရှေ့နေတချို့ထံမှ သိရသည်။
စာချုပ်ထဲတွင် အရောင်းအဝယ်အား ရောင်းသူဘက်မှ ပျက်ကွက်လျှင် ရယူထားသော စရန်ငွေ၏ နှစ်ဆဖြစ်သည့်ငွေကျပ် ဘယ်လောက်အပါအဝင် စုစုပေါင်းငွေကျပ် ဘယ်လောက်ကိုပါ ပေးလျော်ရမည်ဆိုသော အချက်အား အတိအကျ ရေးသားထားခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း သိရသည်။
Source:Shwe Property