ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဒရယ်ဘိုကျေးရွာအုပ်စုအတွင်းခရောင်ရွာကို သွားမည့် လမ်းအနီးတွင် C Point အမည်ရှိအပန်းဖြေစခန်းတစ်ခုကို ဧပြီလတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအပန်းဖြေစခန်းကို ရန်ကုန်မြို့ပြအငွေ့အသက်များနှင့် ခဏတာကင်းဝေးပြီး Country Side ၏အေးချမ်းသာယာမှုများကို ခံစားနိုင်စေရန် ရည်ရွယ်ပြီး မြေတစ်ဧကတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ထိုစခန်းကို ဧပြီလတွင်စဖွင့်မည်ဖြစ်ပြီး ယင်းအပန်းဖြေစခန်းတွင် ကလေးငယ်နှင့် လူကြီးများအတွက် ရေကူးကန်များပြုလုပ်ပေးထားမည့်အပြင် စက်ဘီးစီးသွားလာလို့ရရန်စီစဉ်ထားကြောင်းသိရသည်။
မိသားစုအလိုက်နေ့လယ်နေ့ခင်း ခေတ္တအနားယူအပန်းဖြေနိုင်အောင် Camping Tent များလည်းရှိမည် ဖြစ်သည်။
ထိုအပန်းဖြေစခန်းတွင် စိတ်ပါဝင်စားပါက ချက်ပြုတ်စားသောက်နိုင်ရန်စီစဉ်ပေးထားပါသည်။
နောက်ပိုင်းတွင် အော်ဂဲနစ်စိုက်ခင်းများလုပ်ပေးထားမည်ဖြစ်ပြီး ထိုမှစိတ်ကြိုက်ခူးယူစားသောက်နိုင်အောင် လုပ်ပေးမည်ဖြစ်သည်။
အပန်းဖြေအနားယူရန် သီးသန့်နေရာအဖြစ် စီစဉ်ထားသောကြောင့် ခြံဝင်းတစ်ဝင်းလုံးအား တစ်ဖွဲတည်းကို သာသီးသန့်ငှားပေးမည်ဖြစ်ပြီး တစ်နာရီလျှင် ၁၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်းသိရသည်။
ခြောက်နာရီနှင့် အထက်ငှားရမ်းပါက တစ်နာရီ ၁၀၀၀၀ ကျပ်နှုန်းကျသင့်မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင်အနီးအနားပတ်ဝန်းကျင်နှင့် ကျေးရွာများကိုပါလေ့လာသွားနိုင်အောင် ပြုလုပ်ပေးနေပြီဖြစ်ပြီး လာရောက်သူများအတွက် ကားရပ်နားရန်အတွက်လည်း နေရာကျယ်ကျယ်ဝန်းဝန်းြ့ပုလုပ်ပေးထားသည်ဟု သိရသည်။
ခြံဝင်းတစ်ခုလုံးတွင် အများဆုံးလူ ၅၀ ဦးလောက်အထိအဖွဲ့လိုက်လာရောက်အပန်းဖြေနိုင်မည်ဖြစ်ပြီး ဆွေးနွေးပွဲ၊ ကုမ္ပဏီများနှင့် ပါတီပြုလုပ်လိုသူများအတွက်လည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Source:Pyimyanmar Journal