မြေချပါမစ်နှင့် ချပေးထားသော လယ်ယာမြေကို နိုင်ငံတော်အစိုးရမှ ပြန်လည်သိမ်းယူနိုင်ပါသလား?


14 November, 2020

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်အဆောက်အအုံနှင့် မြေကွက်များကို လုပ်ငန်းလုပ်ကိုင်ရန် နည်းအမျိုးမျိုးနှင့် ရယူထားပြီး အမှန်တကယ်လုပ်ကိုင်ခြင်းမရှိသည့်မြေကွက်နှင့် အဆောက်အအုံများကို နိုင်ငံပိုင်အဖြစ်ပြန်လည်သိမ်းယူရန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

ယခုချိန်ထိတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဆုံးဖြတ်အတည်ပြုထားခြင်း မရှိသေးပဲ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်ရှိမြေအားလုံး၊မြေပေါ်မြေအောက်၊ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိသယံဇာတပစ္စည်းအားလုံး၏ မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့ကြောင့် မည်သည့်အချိန်တွင်မဆို ပင်ရင်းပိုင်ရှင်ဖြစ်သည့် နိုင်ငံတော်မှ ပြန်လည်သိမ်းခွင့် ရှိကြောင်း သိရသည်။ ပြန်လည်သိမ်းယူနိုင်သည်လား? ဒါပေမဲ့လည်း ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည့်အတွက် စိုးရိမ်ရမည့်ကိစ္စမဟုတ်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ရှိလယ်ယာမြေများကို နိုင်ငံတော်မှ သိမ်းပြီးအကွက်ရိုက်ရောင်းချကာမြေချပါမစ်ထုတ်ပေးသည်အထိဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာအဖွဲ့အစည်းမှ လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့်ပေးနိုင်ကြောင်း လယ်ယာမြေ ဥပဒေတွင် ပြဋ္ဌာန်းထားမှုများရှိကြောင်း သိရသည်။

လူသိများသော ပုံစံ ၃ဝ(က)(ခ) မှ ပုံစံ၁၅ ခွင့်ပြုချက်ထုတ်ပေးပြီး ထိုမှ တစ်ဆင့် မြေချပါမစ်၊ဂရန်စသဖြင့် ဆောင်ရွက်ပေးခွင့်ရှိကြောင်း သိရသည်။ ဂရန်ရပြီးလျှင် ထိုမြေကွက်အား အပြီးအပိုင် ပိုင်ဆိုင်ခွင့် ရပြီဟုုသတ်မှတ်၍မရသေး၊ဂရန်စာချုပ် ဆိုသည်မှာ မြေငှားစာချုပ်ပင်ဖြစ်သည်။အဆောက်အအုံ ဆောက်လုပ်နေထိုင်ရန်အတွက် နှစ် ၆ဝ၊နှစ်၉ဝစသဖြင့် မြေငှားစာချုပ်ထုတ်ပေးခြင်းဖြစ်သည်။

ဥပဒေအရပြောရလျှင် နိုင်ငံတော်အစိုးရမှ မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနယ်နိမိတ်ကို အခြားသူအား လွှဲပြောင်းပေးခွင့်ရှိကြောင်း၊ထိုကြောင့် မြေငှားဂရန်အရဖြစ်ဖြစ်၊ပါမစ်မြေအဖြစ်သတ်မှတ်၍ပဲဖြစ်ဖြစ် စီမံခန့်ခွဲခွင့်ကို လွှဲပြောင်းပေးသည့်သဘောပင်ဖြစ်သည်။

ယခုဖြစ်နေသော ပြဿနာမှာ မြေချပါမစ်ရသူဖြစ်ဖြစ်၊ဂရန်စာချုပ်ရသူဖြစ်ဖြစ်၊ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ်နေထိုင်ခြင်းမရှိပဲ မြေကွက်သက်သက်ထားသော ကိစ္စပင်ဖြစ်သည်။

ဂရန်မြေငှားစာချုပ်မှာ စာချုပ်ချုပ်ဆိုသည့်နေ့မှ ခြောက်လအတွင်း အဆောက်အအုံစတင်ဆောက်လုပ်ရမည်ဖြစ်သည်။နှစ်နှစ်အတွင်း အပြီးဆောက်လုပ်ရမည်ဟုသတ်မှတ်ချက်များပါဝင်သည်။

မြေချပါမစ်တွင်လည်း အိမ်ရာဆောက်လုပ်နေထိုင်ခွင့်ပြုသည်ဖြစ်၍ မြေလက်ခံရရှိသည့်နေ့မှ စ၍(တစ်လ)အတွင်း အိမ်ရာဆောက်လုပ်နေထိုင်ရမည်ဟု စည်းကမ်းချက်များဖော်ပြထားကြောင်းသိရသည်။

စည်းကမ်းချက်ထဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာလျှင် ဂရန်မြေငှားစာချုပ်ကို ပယ်ဖျက်နိုင်သည့်အပြင်မြေကွက်အား ပြန်လည်သိမ်းယူခွင့်ရှိသည်ဟုဖော်ပြထားသည်။

မြေချပါမစ်တွင်ဖော်ပြထားကြောင်း သိရသည်။ထို့ကြောင့် နိုင်ငံတော်မှ ဥပဒေစည်းကမ်းနှင့် မလိုက်နာသူများကို ထိရောက်စွာ စိစစ်ဆောင်ရွက်ခွင့်ရှိကြောင်းသိရသည်။

လယ်ယာမြေဥပဒေပုဒ်မ(၂၆)တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူနိုင်ငံတော်အကျိုးငှာ၊အများပြည်သူအကျိုးငှာသိမ်းခြင်းဖြစ်သည်ဆိုလျှင် နစ်နာသူကို လျော်ကြေးပေး ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မြေကွက်အားလုံးတွင် အဆောက်အအုံမဆောက်နိုင်သေးဘဲ မြေကွက်အတိုင်းထားသည်များလည်းရှိသည်။အချို့မြေကွက်များကို ခြံစည်းရိုးခတ်ထားကြောင်း သိရသည်။

အဆောက်အအုံမဆောက်ဖြစ်သော မြေကွက်များတွင် ကျူးကျော်နေထိုင်သူများလည်း ရှိနေတတ်သောကြောင့် အမှုအခင်းဖြစ်ကြသည်လည်း မနည်းကြောင်း သိရသည်။

ထိုကြောင့် သက်ဆိုင်ရာမှ ပြန်လည်စဉ်းစားခြင်းဖြစ်မည်ဟု ထင်သည်ဟု သိရသည်။

Shwe Property

Tips Read 96 times