ကားထုတ်လုပ်မည့် စက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်မည် 


09 November, 2020

တစ်နှစ်လျှင် ဘယ်မောင်းကား အစီးရေ တစ်သောင်းဝန်းကျင် တပ်ဆင်ထုတ်လုပ်မည့် တရုတ်ကားစက်ရုံတစ်ခု မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းသိရသည်။

ကားတပ်ဆင်ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရန်အတွက် Shinning Star Group Industrial ကုမ္ပဏီမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက တစ်နှစ်လျှင် ဘယ်မောင်းကားအစီးရေ တစ်သောင်းဝန်းကျင် အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ညာမောင်းကားများနှင့် အသုံးပြုပြီးသားကားဟောင်းများကြောင်း၊ ဘယ်မောင်းကားများ ထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံ အစိုးရမှ တိုက်တွန်းသောကြောင့် မြန်မာပြည် ကားစျေးကွက်နှင့် ကိုက်ညီသော ဘယ်မောင်းကားအမျိုးအစားများကို တပ်ဆင်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

စက်ရုံကို မန ္တလေးစက်မှုဇုန်တွင် တည်ဆောက်မည်ဖြစ်ပြီး ဒေါ်လာသန်းငါးဆယ်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ MIC ခွင့်ပြုချက်ရသည်နှင့် အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း Board Chairman of Shining Star Group Industrial ကုမ္ပဏီမှ ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် တရုတ်ကားကုမ္ပဏီသည် ကားအမျိုးအစားသုံးရာကျော် တပ်ဆင်ထုတ်လုပ်နေပြီး ခွင့်ပြုချက်ရပါက မြန်မာပြည်ကားစျေးကွက်နှင့် ကိုက်ညီသည့် ဘယ်မောင်းကားအမျိုးအစား ခုနှစ်မျိုး ထုတ်လုပ်သွားမည်ဖြစ်ကာ တစ်နှစ်လျှင် ကားအစီးရေ တစ်သောင်းဝန်းကျင် ထုတ်လုပ်ရန်ရည်ရွယ်ထားကြောင်းသိရသည်။

Automobile

Factory and Industrial Plant Read 118 times