လယ်မြေနဲ့ ကျူးကျော်မြေတွေကို မဝယ်မိအောင် သတိပြုသင့်


03 December, 2020

မြေခွန်ပြေစာ အတုတွေနဲ့ ပိုင်ဆိုင်မှု အထောက်အထားပြပြီး ရောင်းချတာတွေ ရှိနေတာကြောင့် တန်ဖိုးနည်းမြေကွက် ဝယ်မယ့်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ရလေအောင် သတိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါသည်။

လယ်မြေနဲ့ အခြားမြေယာပိုင်ဆိုင်မှု အထောက်အထားပြ မြေခွန်ပြေစာ အတုတွေနဲ့ ရောင်းချတာတွေ ရှိပါတယ်။ မြေခွန်ပြေစာဆိုတာက လယ်ယာလုပ်ငန်း လုပ်ကိုင်ချိန်က သီးနှံခွန်ဆောင်ထားတဲ့ စာရွက်ကို ပြောတာပါ။

ပြေစာမှာ လယ်မြေအမျိုးအစားတွေကို ခွဲခြားပေးထားတယ်၊ သိမ်းဆည်းခံရတဲ့ သူတွေအတွက်တော့ အဓိကကျတဲ့ ပိုင်ဆိုင်မှု သက်သေအထောက်အထားပဲ၊ ဒါပေမယ့် တချို့က အတုလုပ်ပြီး ရောင်းနေကြတာတွေရှိတယ်၊ ဒါတွေကို စစ်ဆေးပြီးမှ ဝယ်သင့်တယ်။

ဘယ်လိုမြေအမျိုးအစားမဆို စရန်ပေးပြီးမှ ဆုံးရှုံးရတာထက် မဝယ်ခင် မေးမြန်းပြီးမှဝယ်တာ အကောင်းဆုံးပါပဲ။


"ဥပမာ လန (၃၉) ဆို စိုက်ပျိုးမြေလုပ်ဖို့ ချပေးထားတာ၊ တချို့မြေတွေက ဆီဆိုင်အတွက်၊ စက်မှုလုပ်ငန်းအတွက်စတဲ့ သူ့ကန့်သတ်ချက်နဲ့သူ ချပေးထားတာတွေ ရှိတယ်၊

စက်မှုလုပ်ငန်းလုပ်ဖို့ ချပေးထားတဲ့ ဂရန်တစ်ခုရဲ့ တန်ဖိုးက (၅ဝ) ရာခိုင်နှုန်းလောက် ကွာတယ်၊ ဒါတွေကို သိထားမှ ရောင်းမှားဝယ်မှား မဖြစ်မည်ဖြစ်မည်။

လယ်မြေနဲ့ ကျူးကျော်မြေတွေကို မဝယ်မိအောင် သတိပြုသင့်ပါတယ်။ လယ်မြေက လယ်လုပ်ငန်းအတွက်ပဲ ချပေးထားတာကြောင့် လူနေထိုင်ခွင့်နဲ့ တခြားနည်းနဲ့ အသုံးပြုခွင့် လျှောက်ထားပြီးမှ ဝယ်ယူတာ ပိုကောင်းတယ်လို့ သိရပါတယ်။

Region Tips Read 63 times