နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊လယ်ဝေးမြို့နယ်၊တောင်စဉ်အေး ကျေးရွာမှ (၈/၆)မိုင်အကွာ အောင်စည်လာကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား ပြည်တွင်း၊ပြည်ပပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသို့ နှစ်ရှည်ငှားရမ်းခြင်း (Leasing)ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
ပထမ အဆင့်အနေဖြင့် စိတ်ဝင်စားသည့် လုပ်ငန်းရှင်ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest-EOI)အား တင်ဒါကော်မတီ၊နေပြည်တော်စည်ပင်သာယာရေးကော်မတီမြို့တော်ခန်းမနေပြည်တော်သို့လိပ်မူ၍ ၂ဝ၁၈ ခုနှစ်နိုဝင်ဘာ ၁၆ရက် ညနေ ၄နာရီအရောက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ(EoI)ပုံစံနှင့် လမ်းညွှန်ချက်များအား ဘိလပ်မြေနှင့် အုတ်အရောင်းဌာနခွဲ(နေပြည်တော်)မြို့တော်ခန်းမ၊နေပြည်တော် ဖုန်း (ဝ၆၇-၃၄၃၂၃၁၂)သို့ဆက်သွယ်ရယူနိုင်ပြီး လာရောက်ထုတ်ယူစဉ် မိမိတို့၏ ကုမ္ပဏီဆိုင်ရာ အထောက်အထားမိတ္တူများပြလျက် အထက်ပါလိပ်စာတွင်(၂ဝ.၉.၂ဝ၁၈)ရက်မှ စ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
ကုမ္ပဏီဆိုင်ရာအထောက်အထားများ
၁။သက်တမ်းရှိပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
၂။ကုမ္ပဏီအသင်းအဖွဲ့မှတ်တမ်း၊စည်းမျဉ်း
၃။နည်းပညာပူးပေါင်းဆောင်ရွက်သည့် နိုင်ငံခြား ကုမ္ပဏီ(ရှိပါက)
အသေးစိတ်သိရှိလိုပါက ဖုန်း(ဝ၆၇-၃၄၃၂၃၁၂ နှင့် ဝ၉၂၅၄ဝ၈ဝ၅၄၂) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Source:The Mirror