Cherry Myaing Housing project စီမံကိန်းကို ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နန်းမဟော်၊ မြို့ပြင်ကားကြီးကွင်း၊ လားရှိုးမြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
ယင်းစီမံကိန်းကို Shinning Myanmar construction မှမြေပိုင်ဆိုင်ပြီး ဝယ်ယူသူများကိုစိတ်ကြိုက်ဒီဇိုင်းရေးဆွဲပေးပြီး ဆောက်လုပ်ပေးကြောင်းသိရသည်။
ထိုကုမ္ပဏီမှ ပေ ၄၀×၈၀၊ ၃၀×၈၀၊ ၆၀×၈၀၊ ၆၀×၁၀၀ အစရှိသည့် မြေကွက်ပေါင်း ၂၅၉ ကွက်ပိုင်ဆိုင်သည် ဟုသိရသည်။
ယင်းစီမံကိန်းတွင် အိမ်ဒီဇိုင်း(၇) မျိုးနှင့် ဂိုထောင်ဒီဇိုင်း (၄) မျိုးဆောက်လုပ်နိုင်ရန်ရေးဆွဲထားပြီး ဝယ်ယူသူများမှလဲ စိတ်ကြိုက်ဒီဇိုင်းရေးဆွဲ၍ ဆောက်လုပ်နိုင်ကြောင်းသိရသည်။
ထိုစီမံကိန်းတွင် ဝယ်ယူသူများအတွက် RC တံတိုင်း၊ မြေဂရန်အမည်ပေါက်၊ ရေမီတာ၊ မီးမီတာအမည်ပေါက်၊ အစရှိသည်တို့ပါဝင်မည်ဖြစ်သည်။
ယင်းစီမံကိန်းဧရိယာအတွင်းတွင် ပုဂ္ဂလိကဆေးရုံ၊ ပုဂ္ဂလိကကျောင်း၊ ကြယ်သုံးပွင့်ဟိုတယ်၊ အုပ်ချုပ်ရေးမှုးရေးရုံး၊ မီးသတ်ရုံး၊ ဓမ္မာရုံ၊ စိမ်းလန်းစိုပြေပန်းခြံ အစရှိသည်တို့ပါဝင်တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
ပေ ၃၀×၈၀ လျှင် ကျပ်သိန်း ၃၀၀ ကျော်မှစတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ပေ၆၀×၈၀ လျှင် သိန်း ၁၀၀၀ ကျော်မှစတင်ဝယ်ယူနိုင်မည်ဖြစ်သည်။
ပေ ၄၀×၈၀ လျှင် ကျပ်သိန်း ၃၀၀ ကျော်မှစရှိမည်ဖြစ်ပြီး ပေ ၆၀×၁၀၀ လျှင် ကျပ်သိန်း ၉၀၀ ကျော်မှစတင်ဝယ်ယူနိုင်မည်ဖြစ်သည်။
ပေ ၈၀ ပတ်လည်ဈေးနှုန်းမှာ ကျပ်သိန်း ၁၈၀၀ မှစတင်မည်ဖြစ်ကြောင်းသိရသည်။
ဝယ်ယူသူများသည် Shining Myanmar construction မှဒီဇိုင်းဖြင့်ဆောက်လုပ်လိုပါက ပေ ၈၀ ပတ်လည်လျှင် သိန်း ၁၀၀၀ ကျော်ကျသင့်မည်ဖြစ်ပြီး ပေ ၄၀×၆၀ လျှင် သိန်း ၂၀၀ ကျော်ကျသင့်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ ၂ နှစ်အရစ်ကျ လစဉ် အရစ်ကျပေးချေနိုင်သည် ဟုသိရသည်။
ဘဏ်နှင့် ချိတ်ဆက်ပေးချေလိုပါက ပထမဆုံး ၃၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ကျန်၇၀ ရာခိုင်နှုန်းကို မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ချိတ်ဆက်၍ သုံးနှစ်အရစ်ကျပေးချေရမည်ဖြစ်ကြောင်းသိရသည်။
Source: Shining Myanmar construction office