အရစ်ကျပေးသွင်းခြင်းကို ၈ နှစ်အထိ ထပ်မံတိုးမြှင့်ပေးလိုက်တဲ့ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ


28 December, 2019

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အရစ်ကျဝယ်ယူမှုကို ချေးငွေသက်တမ်း ယခင် ၄ နှစ်အစား ယခု ၈ နှစ်အထိ တိုးမြင့်ထားသည်။

ရောင်းချမည့် အခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHID BANK) နှင့်ချိတ်ဆက်ကာ ဝယ်ယူနိုင်သည်ဟု သိရသည်။

အဆိုပါ တိုက်ခန်းများကို ကနဦး ပေးသွင်းငွေ ၃ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို ၈ နှစ်အတွင်း အရစ်ကျပေးသွင်းရမည် ဖြစ်သည်။

တိုက်ခန်းတန်ဖိုး ငွေကျပ်သိန်း (၁၂ဝ) ကျသင့်မည်ဆိုလျှင် ကနဦးငွေ ၃ဝ ရာခိုင်နှုန်း ငွေကျပ် ၃၆ သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေ ၇ဝ ရာခိုင်နှုန်းကို ဘဏ်က ထုတ်ချေးပေးမည် ဖြစ်သည်ဟု သိရသည်။

တိုက်ခန်း ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ရေးဘဏ်ဖြင့် ချိတ်ဆက်ကာ ရောင်းချမည့် ကုမ္ပဏီနှင့် စာရင်းရှင်ဖွင့်ကာ အရောင်းကုမ္ပဏီ၊ ဝယ်ယူသူနှင့် ဘဏ်တို့ စာချုပ်ချုပ်ဆိုရမည် ဖြစ်သည်။

ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ တိုက်ခန်းများကို မြေညီထပ် ငွေကျပ်သိန်း (၁၂ဝ)၊ ပထမထပ် ငွေကျပ်သိန်း (၁၁၅) ၊ ဒုတိယထပ် ငွေကျပ်သိန်း (၁၂၂)၊ တတိယထပ် ငွေကျပ်သိန်း (၁၁၆) ဖြင့် သတ်မှတ်ရောင်းချခဲ့သည်။

Local Read 115 times