ချင်းပြည်နယ်တွင် ပထမဆုံးတည်ဆောက်သည့် ဖလမ်းမြို့ ဆူရ်ဘုန်လေယာဉ်ကွင်းမှာ ယခုအခါ လေယာဉ်ပြေးလမ်းပြီးစီးနေပြီ ဖြစ်ရာ လာမည့်ပွင့်လင်းရာသီတွင် လေယာဉ် စတင်ဆင်းသက်ရပ်နားနိုင်မည် ဖြစ်သည်။
"လေယာဉ်ပြေးလမ်းက ပေ ၂၀ဝ၀ ဝန်း ကျင်တည်ဆောက်ဖို့လိုသေးတယ်။ လာမယ့် နှစ်မှာ ဆက်လက်လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။ အခုဟာက လာမယ့်သီတင်းကျွတ်ပွင့် လင်းရာသီမှာ လေယာဉ်ငယ်စမ်းသပ်ပြေးဆွဲ ဆင်းသက်မှာ ဖြစ်ပါတယ်။ လေယာဉ်ကွင်းပြီး စီးမှုက ပေ ၄၀ဝ၀ ဖြစ်ပါတယ်။ လေယာဉ် အသေးစားလေးတွေစမ်းသပ်တဲ့အနေနဲ့ ဆင်းသက်မှာပါ။ ပြည်ထောင်စုအစိုးရနဲ့သဘောတူ ထားပါတယ်"ဟု ချင်းပြည်နယ် အစိုးရပြော ရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်က ပြောဆိုသည်။
ဆက်လက်တည်ဆောက်
လေယာဉ်ကွင်းအတွက်လိုအပ်သည့် လေယာဉ်ကွင်းအဆောက်အအုံ (Terminal) နှင့် လေဆိပ်ရုံးများကို လာမည့်သီတင်းကျွတ်ရာသီတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်၌ နိုင်ငံတော်မှ ငွေသန်း ၈၀ဝ အကုန်အကျခံ ဆက်လက်တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။
ထင်သလောက်မပြီး
"အခုမိုးရာသီမှာ အလုပ်ကသိပ်မတွင် တဲ့အတွက် လေယာဉ်ကွင်းကထင်သလောက် မပြီးဘူး ဖြစ်နေတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် မှာ လိုအပ်တဲ့အဆောက်အအုံတွေပြီးမယ်။ ချင်းပြည်နယ်က မိုးများတဲ့အတွက် လာမယ့် ပွင်လင်းရာသီမှာ ကျန်တဲ့လုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီးဦးစိုးထက်က ပြောဆိုသည်။
ခေတ်မီလေယာဉ်ကွင်း
ဆူရ်ဘုန်လေယာဉ်ကွင်းသည် ပင်လယ် ရေမျက်နှာပြင်အထက်ပေ ၆၀ဝ၀ ရှိ တောင် တန်းပေါ်တွင် တည်ဆောက်နေသည့် လေ ယာဉ်ကွင်းဖြစ်သည်။ လေယာဉ်ပြေးလမ်း အရှည်ပေ ၆၀ဝ၀ အထိတည်ဆောက်မည် ဖြစ်ပြီး အကျယ်ပေ ၁၀ဝ ရှိသည်။ ခေတ်ပေါ် ATR-72 လေယာဉ်အမျိုးအစားများ ဆင်း သက်ပြေးဆွဲနိုင်သည့် ခေတ်မီလေယာဉ်ကွင်း အဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။