ချင်းပြည်နယ် တောင်ပိုင်းအတွက် လေယာဉ်ကွင်းငယ် စတင်တည်ဆောက်


11 December, 2020

ချင်းပြည်နယ် တောင်းပိုင်းဒေသအတွက် လေယာဉ်ကွင်းငယ်ကို မေလ ၄ ရက်က ပန္နက်တင် အခမ်းအနားပြုလုပ်ကာ စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

" ဆက်သွယ်သွားလာဖို့ ခက်ခဲတဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသ လူမှုအကျိုးစီးပွား ဖွံဖြိုးတိုးတက်လာနိုင်ဖို့ ဒီလေယာဉ်ကွင်းကို တည်ဆောက်တာဖြစ်ပါတယ်" ဟု MAF(Myanmar)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ လေယာဉ်ကွင်းငယ်သည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် တည်ရှိပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလမ်းညွှန်မှုအောက်တွင် Mission Aviation Fellowship International(MAFI)အဖွဲ့အစည်း၏ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် လိုင်လင်းပီ ဒေသခံများ၊ ကျန်းမာခြင်းနှင့် မျှော်လင့်ခြင်း (မြန်မာ)နှင့် MAF(Myanmar)တို့ ပူးပေါင်း၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
လိုင်လင်းပီလေယာဉ်ကွင်းငယ်ကို တည်ဆောက်သွားနိုင်ရန်အတွက် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ကို ၂၀၁၉ခုနှစ် မတ်လ ၂၆ ရက်တွင် ချုပ်ဆိုခဲ့သည်။

အဆိုပါ လေယာဉ်ကွင်းတည်ဆောက်မှုသည် အမေရိကန်ဒေါ်လာနှစ်သန်းကုန်ကျမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလတွင် အပြီးသတ် တည်ဆောက်သွားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
 

Local Read 52 times