Chindwin Hotel and Residence စီမံကိန်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စင်္ကာပူနည်းပညာဖြင့် ပထမဆုံး အဆင့်မြင့်တည်ဆောက်မည့် အထပ်မြင့် ဟိုတယ်နှင့် လူနေစီမံကိန်းဖြစ်သည်။
စီမံကိန်းကို Chindwin Hotel and Residence ဟုခေါ်ပြီး ဒေါနခြံလမ်း၊ ချင်းတွင်းမြစ်ဘေး၊ မြေ လေး ဧကတွင်တည်ဆောက်မည်ဖြစ်သည်။
ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု
ထိုမြေနေရာမှာ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်ပြီး Rose Wood Capital က တင်ဒါအောင်မြင်ကာ လူနေအိမ် ကွန်ဒို နှစ်လုံး 5-star ဟိုတယ်တစ်လုံး တည်ဆောက်မည်ဟု သိရှိရသည်။
ထိုသို့ တည်ဆောက်ရာတွင် ပိုင်ဆိုင်မှုအမျိုးအစားအား နှစ်ပိုင်းခွဲ၍ တည်ဆောက်မည်ဖြစ်သည်။ ဟိုတယ်အဆောက်အဦးကို မြေနှစ်ဧကအပေါ်တွင် BOT စနစ်ဖြင့် နှစ် ၇၀ မြေငှားစနစ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ကွန်ဒိုနှစ်လုံးကိုမူ ကျန်သည့် မြေ သုံးဧကတွင် အစိုးရကို စုစုပေါင်းတိုက်ခန်းအရေအတွက်၏ ၃၀% ပေး၍ ကျန်သည့် ၇၀% ကို ကုမ္ပဏီက ပိုင်ဆိုင်မည်ဖြစ်ကာ ပြန်လည်ရောင်းချသွားပါမည်။
ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၈၀ ခန့်ဖြစ်မည်ဟု ဆိုသည်။
အဆောက်အအုံနှင့် နည်းစနစ်များ
လူနေကွန်ဒိုနှစ်လုံးသည် ၁၅ ထပ်စီမြင့်မည်ဖြစ်ပြီး ဟိုတယ်ကမူ ၂၂ ထပ်မြင့်မည်ဖြစ်သည်။ လူနေကွန်ဒိုနှစ်လုံးတွင် စုစုပေါင်း ၁၂၈ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀၀ မှ ၂၀၀၀ စတုရန်းပေ ရှိသည်ဟု သိရှိရသည်။
ထို့အပြင် အဆောင်အယောင်များအနေဖြင့် ဈေးဝယ်စင်တာ၊ ပန်းခြံ၊ ရေကူးကန်၊ အားကစားခန်းမ စသည်ဖြင့် ပါရှိမည်လည်းဖြစ်သည်။
တိုက်ခန်းများတွင် အခန်းလုံခြုံရေးအတွက် digital code system သော့များဖြင့် တပ်ဆင်ထားပြီး အခန်းတွင်းမှ တိုက်ရိုက် အမှိုက်ပစ်စနစ် များကိုလည်း စင်္ကာပူစံနှင့်အညီ ထည့်သွင်းထားကြောင်း သိရသည်။
အဆောက်အဦဒီဇိုင်းကို စင်္ကာပူနည်းစနစ်ဖြင့်အညီ တည်ဆောက်မည်ဖြစ်ပြီး ငလျင်ဒဏ်အား ၆.၅ ရစ်စတာစကေး အထိ ခံနိုင်မည်ဟုသိရသည်။
စီမံကိန်းအား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ လုပ်ဆောင်ခဲ့ပြီး ၅ နှစ်ကြာ ဆောက်လုပ်ရမည်ဟု သိရသည်။ လက်ရှိ ၂၀၁၆ ခုနှစ်၊ ဇွန်လ တွင် ဖောင်ဒေးရှင်း ပြုလုပ်နေပါသည်။