ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းတည်ဆောက်မည်


01 March, 2020

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တည်ဆောက်နေသည့် ဆူရ်ဘုန်လေဆိပ်ကိုလာမည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် အချိန်မီပြီးစီးရန်

 

တည်ဆောက်နေကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။

ဆူရ်ဘုန်လေဆိပ်ကို တည်ဆောက်ရခြင်းမှာ ဒေသတွင်းကို ကမ္ဘာလှည့်ခရီးသည်များ အရင်ကထက်ပိုမို များပြားလာစေရန်နှင့်

 

ဝေးလံသောတောင်တန်းဒေသတွင် သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်နိုင်စေရန်အတွက် ရည်ရွယ်ပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။


တည်ဆောက်လျက်ရှိသော လေဆိပ်အဆောက်အအုံများတွင် မီးသတ်စခန်းနှင့်အတူ (၁၈.၂)မီတာ အမြင့်ရှိ

 

လေကြောင်းထိန်းသိမ်းရေး တာဝါတစ်ခုပါဝင်ပြီး Dopple VHF Omni-Directional Range (DVOR)

 

လေကြောင်း လမ်းပြစနစ်တစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။


ချင်းပြည်နယ်အတွက် သင့်လျော်တဲ့ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံများ မရှိခြင်းကြောင့်

 

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တစ်ခု ဖြစ်နေရခြင်းဖြစ်ပါတယ်။


အခု တည်ဆောက်နေသည့် ဆူရ်ဘုန်လေဆိပ်သည် မြန်မာနိုင်ငံရဲ့ (၆၉) ခုမြောက်လေဆိပ်ဖြစ်လာမှာဖြစ်ပြီး

 

ချင်းပြည်နယ်အတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

Local Read 40 times