တရုတ်နိုင်ငံမှ ဓာတုရေနံလုပ်ငန်းကြီးတစ်ခုနှင့် မြန်မာနိုင်ငံမှကုမ္ပဏီတစ်ခုတို့ စပ်တူပူးပေါင်းပြီး ကျောက်ဖြူအထူးစီးပွားရေးရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းအနီး၌ အမေရိကန်ဒေါ်လာသန်းပေါင်း (၈၀၀)နီးပါးကုန်ကျမည့် ဖွံ့ဖြိုးရေးပရောဂျက်တစ်ခုကို ရခိုင်ဒေသအစိုးရထံသို့ အဆိုတင်သွင်းထားကြောင်း သိရသည်။
အဆိုပါ ပရောဂျက်၏ အဓိကအချက်မှာ ရေနက်ဆိပ်ကမ်းပရောဂျက်ကို အထောက်အပံ့ဖြစ်စေရန်အတွက် ကျောက်ဖြူမှ အရှေ့ဘက်(၁၀)ကီလိုမီတာအကွာတွင်ရှိနေသော မဒေးကျွန်းတွင် ကုန်သွယ်ပို့ဆောင်ရေးဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်ရန်ဖြစ်သည်။
ထို့ပြင် ပရောဂျက်တွင် ကျောက်ဖြူမှတောင်ဘက် (၄၀)ကီလိုမီတာအကွာရှိ ရမ်းဗြဲကျွန်းမှဇရပ်ပြင်ကျေးရွာ၏ သံဇစ်မြစ်အတွင်း အမေရိကန်ဒေါ်လာ(၅)သန်းတန်ဖိုးရှိ ငါးဖမ်းလုပ်ငန်းလည်းပါဝင်သည်။