Chindwin Bridge (Homemalin) စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တမူး-အောင်ဇေယျ-ကတ်သာ-ဟုမ္မလင်း လမ်းပေါ်တွင် ချင်းတွင်းမြစ်ပေါ်ကို ဖြတ်၍ တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
ချင်းတွင်းတံတား(ဟုမ္မလင်း) ကို ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကတ်သာကျေးရွာ တို့ကို ချိတ်ဆက်တည်ဆောက်မည် ဟု သိရသည်။
ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် သြဂုတ် ၂၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ကျပ် သန်း၄၅၀၀ ကုန်ကျလိမ့်မည်ဟု ခန့်မှန်းထားသည် ဟုသိရသည်။
ဟုမ္မလင်းဘက်ကမ်းချဉ်းကပ် တံတားတိုင် H1,H2,H4, H5 ,H6 နှင့် ပင်မတံတားတိုင် R P 4 ,R P 7 ဘိုးပိုင်လုပ်ငန်းများကို တစ်ပြိုင်နက်ဆောင်ရွက်နေသည် ဟုသိရသည်။
ထိုတံတားသည် သံကူကွန်ကရစ် ကမ်းကပ်ခုံ နှင့် တံတားအပေါ်ထည်မှာ သံမဏိသံပေါင် အမျိုးအစား ဖြစ်ကြောင်းသိရသည်။
ယင်းတံတား၏ အရှည်မှာ ၈၄၂ မီတာ နှင့် တံတားအကျယ်အဝန်းမှာ ၁၀ ဒသမ ၂ မီတာရှိမည် ဖြစ်သည်။
ထိုတံတားမှာ သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်မှာ ၈ ဒသမ ၅ မီတာရှိကြောင်းသိရသည်။
ယင်းစီမံကိန်းအတွက် တံတားခန်းဖွင့်အကျယ်အဝန်းအနေဖြင့် ၂၀ မီတာ ၁၂ ခန်း၊ ၁၂၀ မီတာ ၄ခန်း၊ ၆၀ မီတာ ၂ ခန်းဖြင့် စုစုပေါင်း အခန်းအရေအတွက် ၁၈ ခန်းပါဝင်မည် ဟုသိရသည်။
ထိုတံတားကင်းလွတ်အကျယ်မှာ ၁၀၅ မီတာ၊ တံတားခံနိုင်ဝန်မှာ ၇၅ တန် နှင့် တံတားကင်းလွတ် အမြင့်မှာ ၁၂ မီတာ တို့ရှိကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from kyeemon, Myanmaralin, myitmakha.