၁၀၆၀ မဂ္ဂါဝပ် အတွက် ဆိုလာပါဝါ တင်ဒါများ တရုတ်ကုမ္ပဏီများ ရရှိ


01 January, 2020

လျှပ်စစ်ဓာတ်အားနှင့်စွမ်းအင် ၀ န်ကြီးဌာန (MOEE) မှ နှစ်ပေါင်း ၂၀ တည်ဆောက်မှု၊လည်ပတ်မှုနှင့်ပိုင်ဆိုင်မှု

( build, operate and own basis)အရ ၁၀၆၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့်မြေပြင်တပ်ဆင်ထားသည့်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၃၀ တည်ဆောက်ရန်တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများကို မိခင်နိုင်ငံအရ ကြည့်လျှင် တရုတ်နိုင်ငံမှ ကုမ္ပဏီများက အများစု ဖြစ်ခဲ့ပြီး တင်ဒါအောင်သည့်အရေအတွက်တွင်လည်း တရုတ်နိုင်ငံမှ ကုမ္ပဏီများက အများစု ရရှိခဲ့ကြောင်း တွေ့ရသည်။

Sungrow က တင်ဒါ ၉ ခုကိုလည်းကောင်း ၊

Machinery Engineering Corp က တင်ဒါ ၈ ခုကိုလည်းကောင်း၊
SPIC Yunan International Power က တင်ဒါ ၄ ခုကိုလည်းကောင်း၊
Longi က တင်ဒါ ၃ ခုကိုလည်းကောင်း၊
မြန်မာမှ လုပ်ငန်းစုကြီး ဖြစ်သော Shwe Taung က တင်ဒါ ၃ ခုကိုလည်းကောင်း၊
ရှန်ဟိုင်းအခြေစိုက် Universal Energy က တင်ဒါ ၁ ခုကိုလည်းကောင်း၊
ဂျာမနီမှ Ib Vogt က တင်ဒါ ၁ ခုကို လည်းကောင်း ရရှိသည်ဟု သိရသည်။

တင်ဒါ တင်သွင်းသူ ၁၅၅ ခု ရှိခဲ့ပြီး ၈၅ ခုမှာ တရုတ်ကုမ္ပဏီမျာ ဖြစ်သည်။ ထိုင်းနိုင်ငံမှ ကုမ္ပဏီများက ၂၂ ခု တင်သွင်းပြီး ပြည်တွင်းလုပ်ငန်းများက ၂၁ ခု တင်သွင်းသည်။ ဥရောပမှ ၁၀ ခု တင်သွင်းပြီး အမေရိကန်နှင့် ဂျပန်တို့မှ လေးခု တင်သွင်းခဲ့ကြသည်ဟု သိရသည်။

Local Read 72 times