မြေကွက်လပ်များတွင် အဆောက်အအုံဆောက်လုပ်ကြရန် မြို့တော်စည်ပင် ထပ်သတိပေး


04 December, 2020

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေကွက်လပ်များတွင် အဆောက်အအုံဆောက်လုပ်ခြင်း၊ ခြံဝင်းကာရံခြင်းများ ပြုလုပ်ကြရန် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက ဇူလိုင်လ ၆ ရက်နေ့တွင် တတိယအကြိမ် ထပ်မံသတိပေးထုတ်ပြန်လိုက်သည်။

မြေကွက်ပိုင်ဆိုင်ထားပြီး အဆောက်အအုံဆောက်လုပ်ထားခြင်း မရှိသူများအနေနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း အုတ်တံတိုင်းကာရံခွင့်၊

အဆောက်အအုံဆောက်လုပ်ခွင့်များ လျှောက်ထားကြရန် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာခြင်းခြင်းဖြစ်သည်။

မြေချထားမိန့်၊ မြေစလစ်မူရင်းများ လက်ဝယ်ကိုင်ဆောင်ထားပြီး မြေငှားဂရန် လျှောက်ထားခြင်းမရှိသေးသူများအနေနှင့် မြေငှားဂရန်လျှောက်ထားကြရန်၊ လျှောက်ထားပြီး၍

ခြောက်လအတွင်း အုတ်တံတိုင်းကာရံကြရန်နှင့် ကိုးလအတွင်း အဆောက်အအုံဆောက်ကြရန် သတိပေးထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

စည်ပင်သာယာရေးကော်မတီအနေနှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလက တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တစ်ကြိမ် နှစ်ကြိမ်ကြေညာခဲ့ရာ မြေပိုင်ရှင်အများစုက လိုက်နာခဲ့ကြောင်း

စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် မှ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“မြေကွက်လပ်အလွတ်တွေကြောင့် အကျည်းတန်နေတာတွေ အထိုက်အလျောက် လျော့ကျသွားပေမယ့် စိတ်တိုင်းကျတော့ ဖြစ်မလာသေးဘူး။ မြေကွက်လပ်တွေ ရှိနေသရွေ့ ကျူးပြဿနာ၊

မြေစလစ်အတုနဲ့ ဂရန်အတုတွေရှိနေပြီးတော့ ဝယ်မှားရောင်းမှားတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ရှိနေမှာပါ”ဟုလည်း သိရသည်။

ယင်းသို့ညွှန်ကြားချက်များကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမပြုပါက မြေချထားမိန့်၊ မြေစလစ်နှင့် မြေငှားဂရန်တို့ကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိမြေ (အစိုးရမြေ) အဖြစ်

ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ် ကြေညာချက်ပါကာလသည် ၂ဝ၁၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပြည့်ခဲ့ပြီးဖြစ်ရာ ယခုတတိယအကြိမ် ကြေညာချက်သည် နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။

Region Laws and Regulations Read 134 times