မီးဖိုချောင်သန့်ရှင်းရေး လုပ်ဖို့ခက်ခဲနေပါလား


03 December, 2020

အိမ်ရှင်မတွေအတွက် မီးဖိုချောင်သန့်ရှင်းရေးဟာနေ့စဉ်လုပ်ဆောင်နေရတဲ့ အရာတစ်ခုဖြစ်ပြီး အချို့ ပစ္စည်းတွေက သန့်ရှင်းဖို့ လွယ်ကူသလို တချို့ပစ္စည်းတွေက အနည်းငယ်ခက်ခဲပါတယ်နော်။
သန့်ရှင်းရေးလုပ်တဲ့နေရာတွေ မှာ တချို့နေရာတွေက အခက်အခဲ ရှိနေတတ်ပါတယ်နော်။ဒါကြောင့် သန့်ရှင်းဖို့ ခက်ခဲတဲ့ မီးဖိုချောင်ပစ္စည်းတွေကို အလွယ်တကူဖြစ်စေဖို့အတွက် သန့်ရှင်းနည်းတချို့ကိုဖော်ပြပေးချင်ပါတယ်နော်။
oven တွေကို ဘယ်လိုသန့်ရှင်းရေး လုပ်ကြမလဲ???
မီးဖိုချောင်ထဲက Oven တွေ ညစ်ပတ်နေရင် စိတ်တိုင်းကျဆပ်ပြာရည်နဲ့ လောင်းပြီးဆေးမရတာကြောင့် သန့်ရှင်းရ ခက်ခဲပါတယ်။
ဒါကြောင့် မုန့်ဖုတ်ဆိုဒါကို ညစ်ပတ်နေတဲ့ Oven အောက်ခြေကို ဖြူးကာရေအနည်းငယ်ဖျန်းပြီးနောက်နေ့မှာ အဝတ်နဲ့ သုတ်ပေးရင်ပြောင်လက်နေတဲ့ Oven ကို ရရှိမှာပါ။
မီးဖိုတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ???

မီးဖိုချောင်ထဲက ဂက်စ်မီးဖိုတွေ ဒါမှမဟုတ် ဒစ်ဂျစ်တယ်မီးဖိုတွေက ဟင်းချက်ပြုတ်ပြီးတဲ့အခါမှာ ပေနေတဲ့ ဟင်းတွေ ကြောင့်ညစ်ပတ်ပြီးကြည့်ရဆိုးတဲ့အပြင် ပိုးမွှားတွေကိုပါ ဖြစ်ပေါ်စေတာကြောင့် ပထမဦးဆုံး ရေမြှုပ်တစ်ခုကို ဗီနီဂါဆွတ်ပြီး ညစ်ပတ်နေတဲ့မီးဖိုတွေရဲ့ အပေါ်ဘက် မျက်နှာပြင်ကို ပွတ်တိုက်ပေးပါ။

ဒါ့အပြင်မီးဖိုချောင်သုံးအဝတ်ကို ရေနွေးစိမ်ပြီးမီးဖိုပေါ်ကိုမိနစ် ၃ဝ လောက်အုပ်ကာ မီးဖိုကို အဝတ်နဲ့ သုတ်ပေးပါက မီးဖိုမျက်နှာပြင် သန့်ရှင်းသွားတာကို တွေ့ရမှာပါ။

နောက်ဆုံးတစ်ခု ကတော့ Cabinet တွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ???

ရေလုံးဝမလိုပဲ သန့်ရှင်းနေတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။မိမိသန့်ရှင်းမဲ့ Cabinet တွေကို မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်ဆီကို သုတ်ပေးပါ။

သုတ်ပြီးရင် ဆပ်ပြာဆီကို ထပ်သုတ်ကာ နောက်ဆုံးအဆင့်အနေနဲ့ ခြောက်သွေ့အောင် သုတ်ပေးလိုက်မယ် ဆိုရင် မီးဖိုချောင်က Cabinet လေးတွေ သန့်ရှင်းသွားမယ်နော်။

How To Read 68 times