ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်မှ ဗိသုကာလက်ရာအဆောက်အဦးများ စုစည်းခြင်း ၂


22 November, 2020

၁။မဟာဗန္ဓုလပန်းခြံ

၁၈၆၇ခုတွင်တည်ဆောက်ခဲ့ပြီးမူလအမည်မှာFytche Square ဖြစ်ပြီးပွဲတော်များ၊လူထုစည်းဝေးပွဲများ

ကျင်းပခဲ့သည်။ဆူးလေဘုရားလမ်း၊ကုန်သည်လမ်းနှင့်မဟာဗန္ဓုလလမ်းတို့ကြားတွင်တည်ရှိသည်။

၂။လွတ်လပ်ရေးကျောက်တိုင်

၁၉၄၈-၁၉၅၀ခုတွင်တည်ဆောက်ခဲ့ပြီးအင်ဂျင်နီယာဦးအုန်းကြိုင်မှဒီဇိုင်းရေးဆွဲခဲ့သည်။

အမြင့်၁၅ဝပေမြင့်ပြီးမြန်မာနိုင်ငံလွတ်လပ်ရေးရခြင်းအထိမ်းအမှတ်အဖြစ်ဝန်ကြီးချုပ်ဦးနုမှ

ပန္နက်ချခဲ့ခြင်းဖြစ်သည်။မဟာဗန္ဓုလပန်းခြံ၏အလယ်ဗဟိုတွင်စိုက်ထူထားသည်။

 

၃။ယခင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

၁၉၀၅ခုခန့်ကတည်ဆောက်ခဲ့ပြီးအင်္ဂလိက်ခေတ်ကပထမဦးဆုံးမြန်မာနိုင်ငံသားပိုင်မြန်မာအဆွေကုန်တိုက်

ဖြစ်သည်။ဒဂုံမဂ္ဂဇင်း၊အေဝမ်းရုပ်ရှင်ကုမ္ပဏီတို့လည်းဖွင့်လှစ်ခဲ့ဖူးသည်။

၁၉၉၂-၂၀၀၅ထ ိဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ်ဖွင့်ခဲ့သည်။ဆူးလေဘုရားလမ်းမပေါ်တွင်တည်ရှိပြီး

မဟာဗန္ဓုလပန်းခြံ၏မျက်စောင်းထိုးဆူးလေဘုရားနှင့်နီးကပ်လှသည်။

၄။ဆူးလေစေတီ

လွန်ခဲ့သောနှစ်ပေါင်း၂၃၀၀ခန့်ကတည်ထားကိုးကွယ်ခဲ့ကြသည်။ရန်ကုန်မြို့

တည်ရာတွင်ဆူးလေစေတီကိုအလယ်ဗဟိုတွင်ထားပြီးမြို့ကွက်ရေးဆွဲခဲ့သည်။

မဟာဗန္ဓုလလမ်းနှင့်ဆူးလေလမ်းဆုံရန်ကုန်မြို့အလယ်တည့်တည့်တွင်တည်ရှိသည်။

 

၅။မြို့တော်ခန်းမ

၁၉၄၀ခုတွင်ရန်ကုန်မြူနီစပယ်ရုံးခန်းအဖြစ်အသုံးပြုရန်တည်ဆောက်ခဲ့သည်။

မူလပုံစံမှာအနောက်တိုင်းပုံဖြစ်ပြီးဆောက်လုပ်ပြီးစီးခါနီးမှအများဆန္ဒအရပုဂံလက်ရာအပြောက်အမွှန်းကို

မြန်မာ့ဗိသုကာပညာရှင်စည်သူဦးတင်မှထပ်မံဖြည့်စွက်ခဲ့သည်။

မဟာဗန္ဓုလလမ်းနှင့်ဆူးလေဘုရားလမ်းထောင့်တွင်တည်ရှိသည်။

၆။ဧရာဝတီဘဏ်ရုံးချုပ်

၁၉၀၈-၁၉၁၀ခုတွင်တည်ဆောက်ခဲ့ပြီးထိုခေတ်ကပြည်တွင်းသာမကအာရှတခွင်တွင်ပါနံမည်ကျော်ကြားခဲ့သော ရိုးကုန်တိုက်ဖြစ်ခဲ့သည်။၁၉၆၂ခုနောက်ပိုင်းတွင်ပြည်သူပိုင်သိမ်းခံရပြီးပြည့်သူအင်အားဦးစီးဌာနအဖြစ်

၂၀၀၅ခုအထိအသုံးပြုခဲ့သည်။မဟာဗန္ဓုလမ်းလမ်းပေါ်တွင်တည်ရှိပြီးမြို့တော်ခန်းမနှင့်အလွန်နီးသည်။

၇။ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်

၁၉၀၅-၁၉၁၁ခုတွင်တည်ဆောက်ခဲ့ပြီးထိုအချိန်မှ၂၀၀၆ခုထိမြန်မာနိုင်ငံ၏အမြင့်ဆုံးတရားရုံးအဖြစ်

တည်ရှိခဲ့သည်။မဟာဗန္ဓုလလမ်းမပေါ်မဟာဗန္ဓုလပန်းခြံနှင့်မျက်နှာချင်းဆိုင်တွင်တည်ရှိသည်။

၈။ဧမာနွေလဘုရားကျောင်း

၁၈၈၅ခုတွင်အမေရိကန်သာသနာပြုအဖွဲ့တစ်ဖွဲ့မှတည်ဆောက်ခဲ့ပြီးရန်ကုန်မြို့၏သက်တမ်းအရင့်ဆုံး

ခရစ်ယာန်ဘုရားကျောင်းများထဲမှတစ်ကျောင်းဖြစ်သည်။မူလအဆောက်အအုံမှာဒုတိယကမ္ဘာစစ်အတွင်းက

ဘုံးဒဏ်ကြောင့်ပျက်စီးခဲ့ပြီး၁၉၅၂ခုတွင်ပြန်လည်တည်ဆောက်ခဲ့သည်။

မဟာဗန္ဓုလလမ်းနဲ့ဘားလမ်းထောင့်မှာပါ(အခုတော့ဘားလမ်းကိုမဟာဗန္ဓုလပန်းခြံလမ်းလို့ခေါ်ပါတယ်)

၉။ကြေးနန်းရုံး

၁၉၁၇ခုတွင်ကြေးနန်းရုံးအဖြစ်တည်ဆောက်ခဲ့ပြီးမြန်မာနိုင်ငံ၏ပြည်တွင်းပြည်ပ

ဆက်ဆံရေးတွင်အလွန်အရေးပါခဲ့သည်။မဟာဗန္ဓုလလမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်တွင်ရှိသည်။

၁ဝ။ပြည်တွင်းအခွန်များဦးစီးဌာန

၁၉၃၂ခုတွင်ဆူရ်တီအိန္ဒိယအနွယ်ကုန်သည်များမှRander Houseအဖြစ်တည်ဆောက်ခဲ့သည်။ ပါကစ္စတန်နိုင်ငံသံရုံး လည်းဖြစ်ခဲ့ဖူးသည်။ကုန်သည်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်တွင်ရှိသည်။

Local Tips Read 158 times