၁။အနောက်ပိုင်းခရိုင်တရားရုံး
၁၉ဝဝခုတွင်တည်ဆောက်ခဲ့ပြီးရန်ကုန်မြို့၏ဘဏ္ဍာရေးအချက်အခြာအဆောက်အအုံဖြစ်သည်။ယခင်က ငွေကြေးဌာနနှင့်စားရင်းစစ်ချုပ်ရုံးဖြစ်သည်။ယခုလက်ရှိတွင်အနောက်ပိုင်းခရိုင်တရားရုံးဖြစ်သည်။ ပန်းဆိုးတန်းလမ်းနှင့်ဘဏ်လမ်းထောင့်တွငရှိသည်။ပန်းဆိုးတန်းလမ်းမှမျက်နှာမူကြည့်လျှင် ဘယ်ဘက်ခြမ်းတွင်ရှိသည်။
၂။မြန်မာ့စီးပွားရေးဘဏ်
၁၉၄၁ခုတွင်တည်ဆောက်ခဲ့ပြီး(Standard Chartered Bank)ချာတာဘဏ်ဖြစ်ခဲ့သည်။ပြည်သူပိုင်အသိမ်းခံရပြီး နောက်ပြည်သူ့ဘဏ်၂ဖြစ်လာသည်။ ယခုအခါတွင်မြန်မာ့စီးပွားရေးဘဏ်ဘဏ်ခွဲ၂ ဖြစ်သည်။ပန်းဆိုးတန်းလမ်းနှင့်ဘဏ်လမ်းထောင့်တွင်တည်ရှိပြီးပန်းဆိုးတန်းလမ်းမှကြည့်လျှင်ညာဘက်ခြမ်း တွင်ရှိသည်။
၃။ မြန်မာ့လယ်ယာဖွံ့ဖြိုးမှုဘဏ်
၁၉၃၀ခုတွင်တည်ဆောက်ခဲ့ပြီးဂရင်းဒလေဘဏ်ဖြစ်ခဲ့သည်။၁၉၇ဝပြည့်လွန်နှစ်များတွင်အမျိုးသားပြတိုက်အဖြစ်ဖွင့်လှစ်ခဲ့သည်။လက်ရွှိင်မြန်မာ့လယ်ယာဖွံ့ဖြိုးမှုဘဏ်ဖြစ်သည်။ ပန်းဆိုးတန်းလမ်းမကြီးပေါ်တွင်ရှိသည်။
၄။ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
၁၉၃၁ခုတွင်တည်ဆောက်ခဲ့ပြီးယခင်ကဧရာဝတီဖလိုတီလာကုမ္ပဏီရုံးဖြစ်ခဲ့သည်။လက်ရှိတွင်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးဖြစ်သည်။ ပန်းဆိုးတန်းလမ်းမကြီးပေါ်တွင်တည်ရှိပြီးမြန်မာ့လယ်ယာဖွံ့ဖြိုးမှုဘဏ်၏ဘယ်ဘက်တွင်ရှိသည်။
၅။ပင်စင်ဦးစီးဌာန
၁၉ဝဝခုတွင်တည်ဆောက်ခဲ့ပြီးအနောက်ပိုင်းခရိုင်တရားရုံးနှင့်တဆက်တည်းဖြစ်သည်။ယခင်ကောယခုပါပင်စင်ရုံးပင်ဖြစ်သည်။ဘဏ်လမ်းထဲတွင်တည်ရှိသည်။
၆။တရားရုံးချုပ်သစ်
၁၉၃၁ခုတွင်တည်ဆောက်ခဲ့ပြီးတရားရုံးချုပ်သစ်အဖြစ်ဆောက်လုပ်ခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်းတွင်ဂျပန်ကင်ပေတိုင်ရုံးအဖြစ်ယာယီသုံးခဲ့သည်။ထို့နောက်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရုံးချုပ်ဖြစ်လာခဲ့သည်။လက်ရှိတွင်ပုဂ္ဂလိကသို့ငှားရမ်းထားသည်။ပြုပြင်မွမ်းမံမှုများအတွင်းအင်္ဂလိပ်ခေတ်ထက်ရှေးကျသောရှေးဟောင်းအုတ်များရှာဖွေတွေ့ရှိထားသဖြင့်အလောင်းမင်းတရားဦးအောင်ဇေယျရန်ကုန်မြို့တည်စဉ်ကအုတ်များဖြစ်နိုင်မဖြစ်နိုင်ကိုစမ်းစစ်ခဲ့ကြသည်။ကုန်သည်လမ်းအနောက်ဘက်ရှိဘဏ်လမ်းထဲတွင်တည်ရှိသည်။
၇။ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာန
၁၈၉၈ခုတွင်တည်ဆောက်ခဲ့ပြီးအာမေးနီးယားကုန်သည်ကြီးMr Balthazer ၏ကုမ္ပဏီရုံးခန်းဖြစ်သည်။လက်ရှိတွင်ဝန်ကြီးဌာနအသီးသီး၏ရုံးခန်းများနှင့်ရှေ့နေရုံးခန်းများဖွင့်လှစ်ထားသည်။ဘဏ်လမ်းထဲတွင်တည်ရှိပြီးတရားရုံးချုပ်သစ်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင်တွင်ရှိသည်။
၈။မြန်မာ့စီးပွားရေးဘဏ်-၃
၁၉၁၄ခုတွင်တည်ဆောက်ခဲ့ပြီးအိန္ဒိယဘဏ်ဖြစ်သောBank of Bangal အဖြစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင်မြန်မာ့စီးပွားရေးဘဏ်-၃ဖြစ်သည်။ဘဏ်လမ်းအဆုံးဆူးလေဘုရားလမ်းမပေါ်တွင်တည်ရှိသည်။
၉။ယခင်မြဝတီဘဏ်
၁၉၃၆ခုတွင်တည်ဆောက်ခဲ့ပြီးယခင်ကReserve Bank of India အဆောက်အအုံဖြစ်ခဲ့သည်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဖြစ်ခဲ့သည်။မြန်မာနိုင်ငံရှိNeo-classical ဗိသုကာပုံစံတည်ဆောက်ထားသောတစ်ခုတည်းသောအဆောက်အအုံဖြစ်သည်။ဆူးလေဘုရားလမ်းပေါ်တွင်တည်ရှိပြီးမြန်မာ့စီးပွားရေးဘဏ်-၃၏မျက်စောင်းထိုးတွင် ရှိသည်။
၁၀။ယခင်အမေရိကန်သံရုံး
၁၉၂၆ခုတွင်အာမေးနီးယားကုန်သွယ်ရေးကုမဏီBalthazar and Son Co.,Ltd ၏ရုံးခွဲအဖြစ်တည်ဆောက်ခဲ့သည်။ဒုတိယကမာစစ်မှ၂၀၀၇ခုအထိအမေရိကန်သံရုံးအဖြစ်အသုံးပြုခဲ့သည်။ကုန်သည်လမ်းမပေါ်၊၃၃လမ်းနှင့်၃၄လမ်းကြားတွင်တည်ရှိသည်