လွန်ခဲ့သည့် နှစ်နှစ်ခန့်က ထွက်ရှိထားသည့် စုပေါင်းပိုင်အဆောက်အအုံဥပဒေ (ကွန်ဒိုမီနီယံ ဥပဒေ)၏နည်းဥပဒေမှာ ယခုလကုန်ပိုင်းတွင် ထွက်ရှိလာမည်ဟု သတင်းများထွက်ပေါ်နေပြီး ထိုသို့ထွက်ရှိလာပါကလည်း ဥပဒေထွက်ရှိစဉ်က တိကျပြတ်သားစွာထုတ်ပြန်ရန်လိုအပ်သည့် ညွှန်ကြားချက်များပါဝင်လာရန် အများစုမှ မျှော်လင့်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ သိရသည်။
ကွန်ဒိုလော ထွက်ရှိစဉ်ကပါသော နိုင်ငံခြားသားမှ ၄ဝရာခိုင်နှုန်း ဝယ်ယူခွင့်ရှိသည်ဆိုခြင်း၊မြေပိုင်ဆိုင်ခွင့် များလည်း ပါဝင်လာကြောင်း၊၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့သောမရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဥပဒေတွင်
နိုင်ငံခြားသားမြေပိုင်ဆိုင်မှုအတွက် ကန့်သတ်ထားခြင်းများရှိကြောင်း သိရသည်။
ထိုအချက်မှာ နည်းဥပဒေထွက်လာလျှင်တိကျသော ညွှန်ကြားချက်လိုမည်ဖြစ်ကြောင်း၊BOT စီမံကိန်းများနှင့် ပတ်သက်ပြီး မြေပိုင်ဆိုင်မှုမည်သို့ လာမည် မသိသေးကြောင်း၊
ထို အကြောင်းအရာများသည် နည်းဥပဒေတွင် ရှင်း လင်းစွာ ထွက်လာရန်လိုအပ်ကြောင်း သိရသည်။
အဆိုပါနည်းဥပဒေမှာ ယခုလကုန်တွင် ထွက်ရှိမည်ဟုု ပြောဆိုမှုများ ရှိနေပြီး ထွက်ရှိလာပါကလည်း ကွန်ဒိုတိုက်ခန်းစျေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာ့စီးပွားရေးထိုင်းမှိုင်းခြင်းကြောင့် ယခင်စျေးကွက်အားကောင်းစဉ်က ဝယ်လိုအား များပြားလာနိုင်ဖွယ်မရှိခြင်း၊မြန်မာနိုင်ငံအတွင်း ကွန်ဒိုနှင့် အဆင့်မြင့်တိုက်ခန်းဝယ်ယူနိုင်သူ၊ဝယ်ရောင်းပြုလုပ် နေသူ ဦးရေ
၄ဝဝဝဝ ထက်မပိုခြင်း၊လက်ရှိတည်ဆောက်နေသည့် အဆောက်အအုံများထဲတွင် ကွန်ဒို အဆင့်မီ အဆောက်အအုံများစွာ မရှိခြင်း၊နိုင်ငံခြားသား၄ဝရာခိုင်နှုန်း ဝယ်ယူခွင့်ရရှိမှုသည်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လာသည့် ငွေကြေးဖြင့်သာဝယ်ယူခွင့်ရရှိခြင်းစသည့်အချက်များကြောင့် စုပေါင်းပိုင်အဆောက်အအုံ နည်းဥပဒေထွက်ရှိလာပါကလည်း
စျေးကွက်ကြီးတစ်ခုလုံးကို လှုပ်ခတ်နိုင်သည့် အင်အားနည်းပါးနေဦးမည်ဖြစ်ကြောင်း သိရသည်။
Pyi Myanmar