ရန်ကုန်မြို့တွင်းရှိ ကိုလိုနီခေတ် ဆောက်လုပ်ခဲ့သော အဆောက်အဦများ(၂)


18 December, 2019

ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီဖြစ်လာခဲ့ပြီး ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှများက ကိုလိုနီ ဗိသုကာလက်ရာမြောက်သော အဆောက်အအုံများကို ရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်တွင် ထိုကိုလိုနီ အခြေခံအဆောက်အအုံတွေကို ပြုပြင်မွမ်းမံခြင်းများကို ရပ်တန့်ခဲ့ပါတယ်။ ထိုအဆောက်အအုံများက ယခုအချိန်တွင် ယိုယွင်းပျက်စီးမှုများ ရှိနေပါတယ်။

ရန်ကုန်မြို့အတွင်းရှိ ထိုဗိသုကာလက်ရာ အဆောက်အအုံများက ခရီးသွားလာရောက် လည်ပတ်သူတွေကို စိတ်ဝင်စားမှုပေးနိုင်တဲ့ နေရာ တစ်နေရာလည်း ဖြစ်လာခဲ့ပါတယ်။

 

၆။ Accountant General Building (စာရင်းကိုင်အထွေထွေအဆောက်အအုံ)

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းပေါ်တွင်ရှိသော ကိုလိုနီခေတ်အဆောက်အအုံ တစ်ခုဖြစ်ပြီး ပြန်လည် ပြုပြင်မွမ်းမံရန် လိုအပ်နေသော အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါတယ်။

WW2 ဗုံးပေါက်ပြီးနောက် တစ်စဆီ ပျက်ဆီးခဲ့ပါတယ်။

ထို အဆောက်အဦးမှာ ၂၀၁၆ ခုနှစ်တွင် ခန့်အပ်ခဲ့သော မြန်မာနိုင်ငံစာရင်းစစ်ချုပ် ဦးမျိုးမြင့်၏ နေအိမ်လည်း ဖြစ်ပါတယ်။

 

၇။ Bogyoke Aung San Market (ဗိုလ်ချုပ်ဈေး)

၂၀ ရာစုအစောပိုင်းက ဗစ်တိုးရီးယားပြည်နယ်တည်ဆောက်ပုံမျိုး ဆောက်လုပ်ခဲ့ပြီး ရှေးခေတ်ဗဟိုအမိုးခုံး နှင့် လက်ရန်းတိုင်များမှာ ထူူးခြားသော ဒီဇိုင်းများနှင့် ဆောက်လုပ်ခဲ့ပါတယ်။

ယခုအချိန်တွင်မူ ကမ္ဘာလှည့် ခရီးသွားများစွာ သွားရောက်လှည့်ပတ် လေ့လာနေသော နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ကို အသက်ဝင်စေသော နေရာလည်း ဖြစ်ပါတယ်။

 

၈။ Pegu Club (ပဲခူးကလပ်)

ပဲခူးကလပ်သည် ပြည်လမ်းတွင် ရုရှားသံရုံးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပါတယ်။

ယခင် ဗြိတိသျှလက်ထက်က ရန်ကုန်ရှိ gentleman’s club ပုံစံကတော့ အစိုးရအရာရှိတွေရဲ့နေအိမ် ပုံစံမျိုး နှစ်ထပ် ဆောက်လုပ်ထားတာလည်း ဖြစ်ပါတယ်။

ကိုလိုနီခေတ်တွင် ထိုကလပ်သို့ဝင်ခွင့်ကို မြန်မာနိုင်ငံသားများအတွက် ကန့်သတ်ထားခဲ့ပါတယ်။

ယခုအခါတွင်မူ ပဲခူးကလပ်သည် အစိုးရ၏ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးစွာဖြင့် ထီးထီးတည်ရှိနေသေးတယ်။

 

၉။ Governor’s Residence (အစိုးရအရာရှိတွေ၏ အိမ်တော်)

မြန်မာနိုင်ငံ၏ နောက်ထပ်ဗစ်တိုးရီးယားလက်ရာတစ်ခုမှာ အစိုးရအရာရှိတွေ၏ အိမ်တော် ဖြစ်ပါတယ်။ ရန်ကုန်အလယ်ပိုင်း၏ အနောက်မြောက်ဘက်ရှိ ကျွန်းသစ်အိမ်ကြီးဖြစ်ပြီး ယခုအချိန်တွင်မူ ရင်သပ်ရူမောဖွယ်ရေကန်၊ ဘားနှင့် မန္တလေး စားသောက်ဆိုင် တို့ဖြင့် ပြည့်နှက်နေပါသည်။

 

၁၀။ Police Commissioner’s Building (ရဲကော်မရှင်၏အဆောက်အအုံ)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကပါဝင် သိမ်းပိုက်ချိန်တွင် ထိုအဆောက်အအုံသည် ဂျပန်လျှို့ဝှက်ရဲဌာန၏ရုံးချုပ်ဖြစ်သည်။

၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် ထိုအဆောက်အအုံသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရုံးချုပ် ဖြစ်လာသည်။

ယခုအချိန်တွင်မူ ရန်ကုန်မြို့၏ ဇိမ်ခံဟိုတည် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။

Tips Read 212 times