ကတိကဝတ်နှင့်မညီပါက ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့သော စီမံကိန်းများခွင့်ပြုချက်ရပ်ဆိုင်းရန်


09 December, 2020

  နိုင်ငံတော်ပိုင်မြေယာများ၊ အဆောက်အအုံများနှင့် လုပ်ငန်းများအပေါ်အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်ခွင့်ပြုခဲ့သော စီမံကိန်းများ ပြန်လည်သုံးသပ်စစ်ဆေးကာ ကတိကဝတ်နှင့်မညီပါက ခွင့်ပြုချက်ရပ်ဆိုင်းရန်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို

ဝန်ကြီးဌာနက မှတ်တမ်းတင်ရန် လွှတ်တော်သို့  တင်ပြသော်လည်း ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။

         ဆွေးနွေးချက်များအပေါ် စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်းရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၂၀၁၁ မှ လက်ရှိအချိန်အထိ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများအသုံးပြု၍ လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်း ၁၆၉ ခုခွင့်ပြုပေးခဲ့ကြောင်း ပြောသည်။

         ယင်းလုင်ငန်းများသည် ပြည်တွင်းကုန်ကြမ်းများအပေါ် တန်ဖိုးမြှင့်ထုတ်လုပ်သည့်ကုန် ထုတ်လုပ်ငန်းများ၊ ပို့ကုန်မြှင့်တင် ၍သွင်းကုန်အစားထိုးသည့်ကုန် ထုတ်လုပ်ငန်းများ၊ လမ်းတံတား၊ ကုန်းတွင်း ဆိပ်ကမ်းများ၊ နိုင်ငံ တကာဆိပ်ကမ်းများနှင့် နိုင်ငံတ ကာလေဆိပ်များ၊ နိုင်ငံတကာအ ဆင့်မီဟိုတယ်များ၊ နိုင်ငံတကာ အဆင့်မီအိမ်ရာနှင့် ရုံးခန်းများ တည်ဆောက်ငှားရမ်းခြင်းလုပ် ငန်းများ၊ ဈေးဝယ်စင်တာများနှင့် စူပါမားကက်များပါဝင်ကြောင်း  ဒုဝန်ကြီးကရှင်းပြသည်။

        ယင်းလုပ်ငန်းများသည် လုပ်ငန်းလည်ပတ်လျက်ရှိပြီး နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုလုပ်ငန်းများကို  သိသာစွာ အထောက်အကူပြုလျက်ရှိသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေကြောင်း၊ တစ်ဖက်တွင်လည်း  နိုင်ငံတော်အတွက်အကျိုးရှိစေမည့် လုပ်ငန်းတစ်စုံတစ်ရာ မရှိသော လုပ်ငန်းများကို ရပ်ဆိုင်းခြင်း၊ ပြန်လည်လွှဲပြောင်းရယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

        ချုပ်ဆိုပြီး စာချုပ်များကိုပြန်လည်စိစစ်ပြီး ပြန်လည်ညှိနှိုင်းရန်လိုအပ်သည့်အချက်များရှိပါကလည်း စာချုပ်တွင် ထည့်သွင်းရေးဆွဲထားသည့်အချက်များနှင့်အညီ   လုပ်ထုံးလုပ်နည်းများအတိုင်းပြန်လည်ညှိနှိုင်းပြင်ဆင်ရေးကိုလည်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

        ‘‘ထို့ကြောင့် ကိုယ်စားလှယ် တော်ကြီး ဒေါ်ခင်စန်းလှိုင်ရဲ့အဆို မှာဖော်ပြထားတဲ့အချက်များဟာ  လက်ရှိဆောင်ရွက်နေတဲ့အချက်  များဖြစ်ပြီးနောင်မှာလည်း ပိုမို ကောင်းမွန်အောင်စီမံချက်များချ မှတ်ဆောင်ရွက်လျက်ရှိတဲ့ အ ချက်များဖြစ်တဲ့အတွက်၎င်းအဆို  ကို မှတ်တမ်းတင်ပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်လေးစားစွာတင်ပြအပ် ပါတယ်။ လွှတ်တော်ရဲ့အဆုံးအ ဖြတ်ကို နာခံမည်ဖြစ်ကြောင်းကို လည်းတင်ပြအပ်ပါတယ်’’ ဟု ဒု ဝန်ကြီး ဦးဆက်အောင်ကပြော သည်။

        အဆိုရှင် ဒေါ်ခင်စန်းလှိုင်ကမူ ‘‘ဒီကနေ့ကျွန်မတို့ကိုယ်စားလှယ်တွေ ထောက်ခံဆွေးနွေးသွားတာတွေဟာ အမှားတွေကို ထောက်ပြဆွေးနွေးသွားတာမဟုတ်ဘဲနဲ့နိုင်ငံပိုင်အရင်းအမြစ်တွေကို အမှန်တကယ်အကျိုးရှိစေရန်အတွက် စီမံဆောင်ရွက်စေချင်လွန်းလို့မို့ သဘောထား ကြီးကြီးနဲ့မြေပြင်မှာ ဒီကနေ့ တကယ်ပကတိဖြစ်ပျက်နေတဲ့အခြေအနေတွေရဲ့အပေါ်မှာ အားလုံးက ဝိုင်းဝန်းအကြံပြုပြောဆိုပြီး နိုင်ငံတော်အကျိုး၊ နိုင်ငံတော်မျက်နှာကိုမူပြီး ပြောဆိုသွားကြတာပဲဖြစ်ပါတယ်’’ဟု ပြောသည်။

        ဒုဝန်ကြီးက ဆက်လက်အကောင်အထည်ဖော်နေသည်ဆိုခြင်းကို နားလည်လက်ခံသော်လည်း အကောင်အထည်ဖော်ရန်  နှောင့်နှေးနေမှုများကြောင့် ပြဿနာများစွာဖြစ်နေကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။

        ‘‘အကြောက်တရားကင်းကင်းခေါင်းကြီးကြီးနဲ့ စဉ်းစားမယ်ဆိုရင် ကျွန်မရဲ့အဆိုရဲ့စေတနာကို အားလုံးသိကြမှာပဲဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

        ယခင်အစိုးရများမည်ကဲ့သို့  မှားယွင်းခဲ့သည်ဖြစ်စေ နောင်ဆက်ခံသည့် အစိုးရက ထိန်းကျောင်းတည့်မတ်ပေးရမည်ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောကြားပြီး အဆိုကို အတည်ပြုပေးရန် လွှတ်တော်သို့ တင်ပြသည်။

        ဝန်ကြီးဌာနနှင့် အဆိုရှင် သဘောထားကွဲလွဲ၍ မဲခွဲဆုံးဖြတ်ရာ အဆိုကို ထောက်ခံသူများ၍ လွှတ်တော်က အတည်ပြုခဲ့သည်။ မဲပေးခွင့်ရှိသူ ၄၀၀ ရှိရာ ထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၁၁၇မဲ ကြားနေမဲ လေးမဲဖြစ်သည်။

 

Source: Myawaddy

Region Read 67 times