ဒုတိယမြောက်အဓိကစီးပွားရေးဇုန်နှင့်ကပ်လျက်တွင်တည်ဆောက်မည့် Min Residences ကိုရင်းနှီးမြုပ်နှံမှုတန်ဖိုးဒေါ်လာသန်း ၂၅၀ ကျော်အသုံးပြုအကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကိုစင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် Oxley Holding ကုမ္ပဏီနှင့်မြန်မာနိုင်ငံမှ Mottama ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းကုမ္ပဏီလီမီတက်တို့ပူးပေါင်းကာ၅၀ရာခိုင်နှုန်းစီအချိုးကျအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအဆောက်အအုံကိုအထပ်၂၀မြင့်သည့်စုပေါင်းအိမ်ရာအနေဖြင့်တည်ဆောက်သွားမည်ဖြစ်ပြီးလူနေအိမ် ခန်းများနှင့်စီးပွားရေးလုပ်ငန်းများအတွက်အခန်းပေါင်း ၆၁၄ ခန်း၊ ဈေးဆိုင်ခန်း၊ စားသောက်ဆိုင်၊ ရုံးခန်းများနှင့် နေ့ကလေးထိန်းကျောင်းများအတွက်စုစုပေါင်း ၅၇ ခန်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ထူးခြားသည့်ကျန်းမာရေးနှင့်လူနေမှုစနစ်ပေါင်း၆၀ကျော်ပါဝင်မည့်မြန်မာနိုင်ငံ၏ပထမဆုံးစီမံကိန်းအနေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီးယခုနှစ်တွင်စတင်အကောင်အထည်ဖော်ကာသုံးနှစ်အတွင်းအပြီးသတ်တည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရောင်းချမှုပုံစံနှင့်ဝယ်ယူရန်အခန်းအမျိုးအစားများကိုမေလ ၂၇ ရက်နှင့် ၂၈ ရက်များတွင်သီးသန့်လေ့လာပြီး စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆင့်မြင့်လူနေမှုဘဝကိုရရှိပြီးထိုက်သင့်သည့်နှုန်းထားများရှိမည့်မင်းစုပေါင်းအိမ်ရာစီမံကိန်းကိုအကောင်အ ထည်ဖော်ခြင်းမှာကာလရှည်ငြိမ်သက်နေသည့်အိမ်ခြံမြေဈေးကွက်ကိုပြန်လည်မြှင့်တင်လာနိုင်မည်ဟုမျှော်လင့်ကြောင်းလဲသိရသည်။
Myanmar B2B Management magazine