စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ခွင့် မှတ်ပုံတင်မှုများ မှတ်ပုံတင်နိုင်


18 November, 2020

စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ခွင့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်မှုများအား ၂ဝ၁၈ခုနှစ် ဇန်နဝါရီလအတွင်းတွင်စတင်မှတ်ပုံတင်နိုင်မည်

ဒီဇင်ဘာ၁၄ရက်တွင် နေပြည်တော်ရှိဆောက်လုပ်ရေးဝန်ကြီးဌာနရုံးတွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေနှင့် ပတ်သက်ပြီး မိတ်ဆက်ရှင်းလင်းစဉ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးမှ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ(ကွန်ဒို)နည်းဥပဒေတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များအနေဖြင့်တည်ထောင်သူအပြင်ပူးတွဲတည်ထောင်ရင်းနှီးမြှုပ်နှံခွင့်ထည့်သွင်းထားပြီးနိုင်ငံခြားသားများအား

စုပေါင်းပိုင်အဆောက်အအုံကြမ်းခင်းဧရိယာ၏ရာခိုင်နှုန်း ၄ဝရောင်းချနိုင်ကာ အိမ်ခန်းများ၏ ၂၅ရာခိုင်နှုန်းကို ဝယ်ယူသူတစ်ဦးတည်း ၏အမည်ဖြင့် မှတ်ပုံတင်ခွင့်ရှိသည်ဟု ထည့်သွင်းပြဋ္ဌာန်းထားကြောင်း ကို ပြောကြားခဲ့ကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေတွင် ပူးတွဲတည်ထောင်သူနိုင်ငံခြားသားရောင်းချပိုင်ခွင့်ရှိသည့်အခန်းများအားမှတ်ပုံတင်အရာရှိမှ တစ်ဆင့် စီမံခန့်ခွဲမှုကော်မတီသို့တင်ပြရမည်ဖြစ်ကြောင်း၊အိမ်ခန်းများကို နိုင်ငံခြားသားသို့ရောင်းချရာတွင်စုပေါင်းပိုင်းအဆောက်အအုံ၏ ရောင်းချ၍ရသော စုစုပေါင်းကြမ်းခင်းဧရိယာ၏ရာခိုင်နှုန်း ၄ဝထက်မပိုရ။မှတ်ပုံတင်အရာရှိထံတွင် ဦးစွာစုံစမ်းပြီးမှ ရောင်းချနိုင်သည်ဟုထည့်သွင်းပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံ၏အိမ်ခန်းများကို အနည်းဆုံး ရ၅ရာခိုင်နှုန်းအား ဝယ်ယူသူထံသို့ရောင်းချရမည်ဖြစ်ကြောင်း၊အိမ်ခန်းများ၏ ၂၅ရာခိုင်နှုန်းအား ဝယ်ယူသူတစ်ဦးတည်း၏အမည်ဖြင့် မှတ်ပုံတင်ခွင့်ရှိသည်ဟု နည်းဥပဒေတွင် ထည့်သွင်းထားကြောင်း သိရသည်။

စုပေါင်းပိုင် အဆောက်အအုံနှင့် ပတ်သက်ပြီး မူလဥပဒေတွင် ပါရှိသော နိုင်ငံခြားသားအား ၄ဝရာခိုင်နှုန်းရောင်းချခွင့် ပြုမည်ဆိုလျှင် အပိုဒ်ပါရှိပြီးသားဖြစ်သည်။ထိုအချက်အား အထောက်အပံ့ဖြစ်ရန်အတွက် နည်းဥပဒေတွင် တချို့သောအချက်များကို ထပ်၍ဖြည့်စွက်ဖော်ပြထားသည်။

စုပေါင်းပိုင်ဥပဒေတွင် နိုင်ငံခြားသားဟုဆိုသောနေရာျွွှင် ပြည်တွင်းတွင်အလုပ်လုပ်နေသော နိုင်ငံခြားသား သာမက ပြည်ပတွင် ရှိသော နိုင်ငံခြားသားများ ပြည်ပတွင် ပိုက်ဆံရှိ၍ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုရရန် နိုင်ငံခြားသားဆိုသောနေရာတွင် အကန့်အသတ်အား တတ်နိုင်သမျှ လျှော့ချထားကြောင်းသိရသည်။

နိုင်ငံသားမဟုတ်သူ၊ဧည့်နိုင်ငံသားမဟုတ်သူ၊နိုင်ငံသားပြုခွင့်မရသောသူ ဆိုလို့ရှိရင် မည်သည့်နိုင်ငံခြားသားမဆို ပြည်တွင်းတွင် ရှိနေသော ကွန်ဒိုမီနီယမ်အား ဝယ်ယူခွင့်ရှိကြောင်း သိရသည်။

သို့သော်လည်း နိုင်ငံခြားသားဝယ်ယူမည်ဆိုလျှင် ဘာနှင့် ဝယ်ယူရမလဲဆိုလျှင် နိုင်ငံခြားမှ တရားဝင်ငွေလွှဲပို့သော နိုင်ငံခြားငွေနှင့်သာ ဝယ်ယူခွင့် ရမည်ဖြစ်သည်။

နိုင်ငံခြားသားအား ၄ဝရာခိုင်နှုန်းထက်ပိုမရောင်းရဆိုသော အချက်အား မကျော်စေရန်အတွက် နိုင်ငံခြားသားသည် မှတ်ပုံတင်အရာရှိထံတွင် လာရောက်စုံစမ်းရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားအား ရောင်းတိုင်းရောင်းတိုင်းတွင် မှတ်ပုံတင်အရာရှိထံတွင် တင်ပြရမည်။နိုင်ငံခြားသားအနေနှင့် မြေပိုင်ဆိုင်ခွင့် ကို ပေးမည်လား မပေးမည်လားဆိုသည်က ယခုချိန်ထိ မပြတ်သေးကြောင်း သိရသည်။

မပြတ်သည့်အတွက် နိုင်ငံခြားသား၏ ပိုင်ဆိုင်ခွင့်သက်တမ်းအားပြန်၍ ကန့်သတ်လိုက်ရကြောင်း သိရသည်။စုပေါင်းပိုင်းအဆောက်အအုံ ၏သက်တမ်းကာလအတွင်းသာပိုင်ဆိုင်ခွင့်ရှိသည်ဟုဖော်ပြပြီး ကန့်သတ်ထားသည်။

နိုင်ငံခြားသားသည် တည်ထောင်သူအဖြစ်နှင့် ရပ်တည်၍ရပြီး ပူးတွဲတည်ထောင်သူအဖြစ်နှင့်လည်း ရပ်တည်နိုင်သည်။သို့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ရယူရမည်ဖြစ်သည်။အိမ်ခန်းများ၏ ၂၅ရာခိုင်နှုန်းဟုသတ်မှတ်ထားခြင်းသည် တစ်ဦးတစ်ယောက်တည်း က အိမ်ခန်းအားလုံးကို ထိန်းချုပ်၍မရနိုင်ရန်ဖြစ်ကြောင်း ကိုပြောကြားခဲ့သည်။

ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများအား အခြားနည်းသုံးစွဲရာတွင် စီးပွားရေးအတွက် အသုံးပြုမည့် အိမ်ခန်းများပါဝင်ပါက လူနေအိမ်ခန်းများနှင့် တစ်ထပ်တည်း ရောနှောဆောက်လုပ်ခြင်းမပြုရန်နှင့် ဝင်ထွက်ပေါက်သီးခြားထားရှိရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊စီးပွားရေးအတွက်အသုံးပြုမည့်အိမ်ခန်းများ၏ အမျိုးအစား၊အကျယ်အဝန်း၊ဖွဲ့စည်းပုံနှင့် စုစုပေါင်းအရေအတွက်ကိုဖော်ပြရန်၊စီးပွားရေးအတွက် အသုံးပြုမည့်အိမ်ခန်းများတွင် စားသောက်ဆိုင်များပါဝင်လျှင် ဆောက်လုပ်မည့် ပုံစံရေးဆွဲရာတွင်လည်းကောင်း၊ဆောက်လုပ်မည့်နည်းစနစ်အရသော်လည်းကောင်း နေထိုင်သူများကို အနှောင့်အယှက်မဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူသည် အခြားနည်းသုံးစွဲမည့် အိမ်ခန်းများပါဝင်ကြောင်း ဝယ်ယူသူအားကြိုတင်အသိပေးပြီး သိရှိသဘောတူကြောင်း ကြိုတင်ကတိပြုချက်ရယူထားရမည်ဟု နည်းဥပဒေတွင် ထည့်သွင်းထားကြောင်းသိရသည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအားပြည်ထောင်စုလွှတ်တော်မှ ၂ဝ၁၆ခုနှစ် ဇန်နဝါရီလ ၂၉ရက်က ဥပဒေအမှတ်၂၄ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊နည်းဥပဒေအား ၂ဝ၁၇ခုနှစ် နိုဝင်ဘာ၂၃ရက်တွင် ပြည်ထောင်စုအစိုးရအစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ခွင့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်မှုများအား ၂ဝ၁၈ခုနှစ် ဇန်နဝါရီလအတွင်းတွင်စတင်မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း၊လက်ရှိတွင် Shwe Taung Development ကုမ္ပဏီမှ စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ရန် ကမ်းလှမ်းထားကြောင်း ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်း သိရသည်။

Source:Daily Eleven

Tips Read 72 times