စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေပြီ


07 December, 2020

 ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပြီးပြီဖြစ်၍ စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

          ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကွန်ဒိုမီနီယံဥပဒေထွက်ပေါ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ကာ နည်းဥပဒေထုတ်ပြန်ပြီးနောက် ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ကွန်ဒိုမီနီယံနှင့် ပတ်သက်သော စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

          အဆိုပါကော်မတီအနေဖြင့် ကွန်ဒိုမီနီယံအဆင့်မီ အဆောက်အအုံများဖြစ်မဖြစ်ကိုလည်း လိုက်လံ စစ်ဆေးမည့်အစီအစဉ်များလည်း ရှိနေကြောင်း သိရသည်။

          အဆိုပါကော်မတီအနေဖြင့် ယခုအခါ စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်း လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ရန် စိစစ်နေပြီး ကော်မတီသို့ လိုင်စင်လေ ျှာက်ထားမှု ၄၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

          စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ရရှိပြီးသူများအနေဖြင့် စုပေါင်းပိုင် အဆောက်အအုံတည်ထောင်ခွင့် ခွင့်ပြုမိန့်ကို ထပ်မံလေ ျှာက်ထားရမည်ဖြစ်ကာ ကော်မတီမှခွင့်ပြုလ ျှင် တည်ေ်ဆာက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

          ကွန်ဒိုမီနီယံဥပဒေသည် ၂၀၁၉ ခုနှစ်တွင် စတင် အသက်ဝင်လာပြီဖြစ်ကာ ယင်းဥပဒေကိုအကောင်အထည် ဖော်ဆောင်နိုင်မည့် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်သောကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီးစီးခဲ့ခြင်းဖြစ်ကာ ကော်မတီဥက္ကဌမှာ ရန်ကုန်တိုင်းဒေသကြီး လ ျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အတွင်းရေးမှူးမှာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

          ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုမီနီယံသသည်အနည်းဆုံး ခြောက်ထပ်နှင့်အထက် ရှိရမည်ဖြစ်ကာ အကျယ်အဝန်းအားဖြင့် စတုရန်းပေနှစ်သောင်းအထက်ကျော်လွန်သော မြေပေါ်တွင်တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

          ကွန်ဒိုမီနီယံ ဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦးတည်း အမည်ပေါက်မဟုတ်တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကိုအပ်နှံကာ တစ်ဦးတစ်ယောက်ပိုင်မြေမှ ယင်းကွန်းဒိုရှိတိုက်ခန်း ၁၀၀ ရှိလ ျှင် ၁၀၀ပိုင်(အများပိုင်) မြေအဖြစ် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

          လတ်တလောတွင် ကွန်ဒိုတိုက်ခန်းများသည် လွှဲပြောင်းပေါင်နှံခွင့်မရှိသော်လည်း ကွန်ဒိုဥပဒေအရ လွှဲပြောင်းပေါင်နှံရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်း ကွန်ဒိုတိုက်ခန်းများအတွက် ကြိုပွိုင့် ရောင်းချထားပါကလည်း ဝယ်ယူသူ၏ပေးသွင်းငွေများကို Developer အနေဖြင့် ကွန်ဒိုတည်ဆောက်ရေးတွင်သာ အသုံးပြုရမည်ဖြစ်ကာ သုံးလတစ်ကြိမ် စီမံခန့်ခွဲရေးကော်မတီထံသို့သုံးစွဲမှုကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

          ထို့အပြင် ကွန်ဒိုမီနီယံ အဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး ဝယ်ယူလိုသောနိုင်ငံခြားသားများအနေဖြင့် မိမိနိုင်ငံဘဏ်မှ
မြန်မာနိုင်ငံရှိသက်ဆိုင်ရာဘဏ်သို့ တရားဝင်ငွေလွှဲပြောင်း ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

          ယင်းအပြင် အဆောက်အအုံပျက်စီးမှုနှင့်  ပတ်သက်၍ Developer အနေဖြင့် တိုက်ခန်းကို ရောင်းချပြီး နှစ်နှစ်အတွင်း ပြုပြင်ထိန်းသိမ်းပေးရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အရပ်စာချုပ်ဖြင့် ချုပ်ဆိုခြင်းအစား စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် အရောင်းအဝယ် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တရားဝင်အခွန်အခများ ပေးသွင်းဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

Local Read 108 times