ကန်ထရိုက်တာနှင့် ညှိနှိုင်းရန် ကျန်ရှိနေသေးသည့် ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြင့်တင်ရေးစီမံကိန်း


24 November, 2020

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြင့်တင်ရေးစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုရန် လုပ်ကိုင်ခွင့်ရ ကန်ထရိုက်တာနှင့် ညှိနှိုင်းရန် ကျန်ရှိနေ၍ လာမည့်နှစ်လအတွင်းမှ သာ လျှင် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ကြေင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်ကြီးထံမှ သိရသည်။

ယင်းစီမံကိန်းအတွက် လိုအပ်သော မြေတိုင်းတာခြင်းကို စီမံကိန်းတာဝန်ခံ အရာရှိများ၊ကြီးကြပ်ရေးမှူးများ၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊

တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများမှ တိုင်းတာခဲ့ကြောင်းသိရသည်။

လက်ရှိတွင် စာချုပ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်ညှိနှိုင်းမှုများဆောင်ရွက်နေကာ စာချုပ်ချုပ်ဆိုပြီးမှသာ လုပ်ငန်းများစတင် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ထို့ပြင် မြေယာပိုငဆိုင်မှု အထောက်အထားများ သေချာစွာပြန်ယူခြင်း၊

ပရီမီယံကြေးများအတွက် မှန်ကန်စေရန် ပြန်တိုင်းတာခြင်း စသည့်အချက်များလည်း ပါဝင်ကြောင်းသိရသည်။

ယခုမှ စပြီးညှိနှိုင်းနေသောအခြေအနေသာရှိသေးသည်။စာချုပ်ချုပ်ဆိုရန်မှာ နှစ်လ ခန့်ကြာဦးမည်ဖြစ်ပြီးမြေယာတိုင်းတာမှုများ လုပ်နေသည်။နယ်ခြားမှန်ကန်မှုရှိ မရှိ အတည်ပြုနိုင်

ရန်နှစ် ကာလ ကြနေပြီ ဖြစ်သည့်အတွက် ပိုင်ဆိုင်သည့်မြေအပိုင်းရွေ့လျာကုန်မည်စိုးသဖြင့် တိုင်းတာမှုများ လုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ဘီလီယံကုန်ကျမည်ဖြစ်ပြီး စီမံိကိန်းဧရိယာအနေဖြင့် ၂၅ ဒသမ ၇ ဟက်တာ အနက်မှ မြေပြင်ဧရိယာ ၁ ဒသမ ဝ၉ စတုရန်းမီတာ အကျယ်အဝန်းပေါ်တွင်

ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းအတွက် ၂ဝ၁၄ ခုနှစ်အတွင်းတွင် တင်ဒါစတင်ခေါ်ယူခဲ့ပြိး ၂ဝ၁၅ ခုနှစ်က ယင်းတင်ဒါကို ပယ်ဖျက်ခဲ့ကြောင်း၊ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့ရာတွင်

လုပ်ငန်းအစုအဖွဲ့ပေါင်း ၁၈ခုအနက် ၁၅ ခုကိုပဏာမ ရွေးချယ်ခဲ့ရာ စင်ကာပူအခြေစိုက် Oxley Holdings Limited၊မြန်မာမင်းဓမ္မကုမ္ပဏီ၊တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီတို့ပူးပေါင်းထားသည့် အဖွဲ့မှ တင်ဒါအောင်မြင်ခဲ့ကြောင်းသိရသည်။

Local Infrastructure and Zones Read 69 times