မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်၌ ကွန်ကရစ်စက်ရုံ စမ်းသပ်လည်ပတ်မှုကို စက်တင်ဘာ ၆ ရက်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုနေရာသို့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်များအပါအဝင် အဆောက်အအုံနှင့်ကုန်ရုံများဌာန ဌာနမှုတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
အဆိုပါစက်ရုံမှာ ယခုအခါ တစ်မီတာအရှည် ကွန်ကရစ်ပေါင်အခု ၂၀၀ကျော်နေ့စဉ်ထုတ်လုပ်နေပြီး နောင်တွင်အခု ၃၀၀ ကျော်ထုတ်လုပ်သွားနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ပုံစံခွက်အရေအတွက် ၁၄၄ ခုသာရှိသေးပြီး ယခုဘတ်ဂျတ်နှစ်တွင် တစ်ပေ၊တစ်ပေခွဲ၊နှစ်ပေနှင့်နှစ်ပေခွဲ ကွန်ကရစ် ၆၅,၇၀၀လျာထား ထားကြောင်း၊ လက်ကျန် ပေ၂၆,၀၀၀ ကို ယခုလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
လာမည့်နှစ်တွင် မြောင်းဖုံး၊ပလက်ဖောင်းနှင့်ကတ်တုံးများထုတ်သွားမှာဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင်က ပြောထားသည်။ ၁၀ တန်ဝန်အထိမနိုင်သည့် Gantry crane နှစ်ခုပါပြီး တစ်နာရီကို ကုဗမီတာ ၁၂၀ ထုတ်လုပ်နိုင်ကြောင်း၊ နောင်တွင် ၁၀ ပေ ၁၂ ပေ အရွယ် ကွန်ကရစ်ပေါင်ကြီးများပါ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ADB ချေးငွေနဲ့ ရွှေတစ် ချောင်းမြောင်းကို ကွန်ကရစ်တုံးများနှင့်အဆင့်မြှင့်တင်နိုင်ဖို့ ဆွေးနွေးနေကြောင်း ပြောထားသည်။
Concrete batching plant ကလည်း အလိုအလျောက် အဆင့်မြင့်ကွန်ပျူတာစနစ်ဖြစ်ခြင်းကြောင့် လိုချင်သည့် ဒီဇိုင်းပုံစံ ၆မျိုးအနက် အသင့်တော်ဆုံးကို ရွေးချယ်သုံးလို့ရကြောင်း၊တစ်နာရီကို ကုဗမီတာ ၁၂၀ ထုတ်လုပ်နိုင် မှာဖြစ်၍ Precast plant အပြင် လမ်းခင်းဖို့ ဆောက်လုပ်ဖို့အတွက်ပါ အသုံးပြုလို့ရမှာဖြစ် ကြောင်းပြောထားသည်။