စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၄။ ၁၃၇၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကိုစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေဟုခေါ်တွင် စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသောအောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်။
(က) စုပေါင်းပိုင်အဆောက်အအုံဆိုသည်မှာဤဥပဒေအရမှတ်ပုံတင်ထားသောစုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ၆ ထပ်နှင့် အထက်ရှိသည့် အထပ်မြင့် အဆောက်အအုံကိုဆိုသည်။ ယင်းစကားရပ်တွင် စုပေါင်းပိုင်သူများအသုံးပြုရန် စီမံထားရှိသည့် စုပေါင်းပိုင်ပစ္စည်းနှင့် အိမ်ခန်းများလည်း ပါဝင်သည်။
(ခ) စုပေါင်းပိုင်ပစ္စည်းဆိုသည်မှာစုပေါင်းပိုင်အဆောက်အအုံနှင့် ဆက်စပ်လျက်ရှိသောအောက်ပါပစ္စည်းများ ပါဝင်သည်။
(၁) ဤဥပဒေအရမှတ်ပုံတင်ထားသောစုပေါင်းပိုင်မြေ၊
(၂) ယင်းစုပေါင်းပိုင်မြေတွင် ဆောက်လုပ်ထားသောတစ်ဦးချင်းပိုင် အိမ်ခန်းများမှအပစုပေါင်းပိုင်သူအားလုံးနှင့် အကျိုးသက်ဆိုင် သည့် စုပေါင်းပိုင်အဆောက်အအုံ၏ အစိတ်အပိုင်းများ၊ တပ်ဆင်ထားသောပစ်္စည်းကိရိယာများ၊
(၃) စုပေါင်းပိုင်သူများ၏ အကျိုးအတွက် အသုံးပြုရန်ဆောက်လုပ်ထားသောသို့မဟုတ် စီမံထားရှိသောအဆောက်အအုံများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာအဆောက်အအုံများနှင့် ပစ်္စည်းများ၊ ဝင်းခြံ၊ ဥယျာဉ်နှင့် သစ်ပင်ပန်းမန်များ၊ ရေပေးရေး၊ အညစ်အကြေးစွန့်ပစ်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာပစ်္စည်းများ၊ စွမ်းအင်ဖြန့်ဖြူးရေးဆိုင်ရာပစ်္စည်းများ၊ လမ်းတံတားနှင့် ရေမြောင်းများ၊ ဆက်သွယ်ရေးပစ္စည်းများ။
(ဂ) စုပေါင်းပိုင်မြေဆိုသည်မှာစုပေါင်းပိုင်အဆောက်အအုံနှင့် စုပေါင်းပိုင်ပစ္စည်းတည်ရှိသောစုပေါင်းပိုင်သူအားလုံးကတည်ဆဲဥပဒေနှင့်အညီအကျိုးသက်ဆိုင်သည့် မြေနှင့် မြေကွက်လပ်တို့ကိုဆိုသည်။
(ဃ) နိုင်ငံခြားသားဆိုသည်မှာ နိုင်ငံသားမဟုတ်သောသူသို့မဟုတ် ဧည့်နိုင်ငံသားမဟုတ်သောသူသို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမဟုတ်သောသူကိုဆိုသည်။
(င) တည်ထောင်သူဆိုသည်မှာငွေကြေးရင်းနှီးမြှုပ်နှံပြီးစုပေါင်းပိုင် အဆောက်အအုံတည်ထောင်ခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ရန် ဤဥပဒေအရထုတ်ပေးသောလုပ်ငန်းလိုင်စင်ရရှိသည့် ဌာန၊ အဖွဲ့အစည်းသို့မဟုတ် ပုဂ်္ဂိုလ်ကိုဆိုသည်။ ယင်းစကားရပ်တွင် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အာမခံကုမ်္ပဏီများ မပါဝင်။
(စ) စုပေါင်းပိုင်သူဆိုသည်မှာစုပေါင်းပိုင်အဆောက်အအုံရှိအိမ်ခန်းသို့မဟုတ် အိမ်ခန်းများကိုဤဥပဒေအရ တရားဝင် ပိုင်ဆိုင်ကြောင်းအိမ်ခန်းမှတ်ပုံတင်လက်မှတ်ရရှိထားသူကိုဆိုသည်။ ယင်းစကားရပ်တွင် စုပေါင်းပိုင်သူ၏ အမွေဆက်ခံသူသို့မဟုတ် တရားဝင်လွှဲပြောင်းရရှိသူလည်း ပါဝင်သည်။
(ဆ) မူလအချိုးသင့်ပိုင်ဆိုင်မှုအစုတန်ဖိုးဆိုသည်မှာစုပေါင်းပိုင် အဆောက်အအုံရှိအိမ်ခန်းအသီးသီးအတွက် လွှဲပြောင်းသည့် တန်ဖိုးအလို့ငှာလည်းကောင်း၊ စုပေါင်းပိုင်အဆောက်အအုံကိုစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ထည့်ဝင် ရမည့် ရန်ပုံငွေပမာဏအတွက်လည်းကောင်းသက်ဆိုင်ရာစုပေါင်းပိုင် အဆောက်အအုံစီမံခန့်ခွဲရေးကော်မတီ၏ သဘောတူညီချက်ဖြင့် တည်ထောင်သူကသတ်မှတ်ထားသည့် အချိုးသင့်ပိုင်ဆိုင်မှု တန်ဖိုးကိုဆိုသည်။
(ဇ) အိမ်ခန်းဆိုသည်မှာစုပေါင်းပိုင်အဆောက်အအုံတွင် နေထိုင် ရန် သို့မဟုတ် အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခြားနည်းသုံးစွဲရန် တစ်ဦးချင်းပိုင်အဖြစ် သီးခြားကာရံ၍ ဆောက်လုပ် ထားသောအိမ်ခန်းကိုဆိုသည်။
(ဈ) အသင်းဆိုသည်မှာစုပေါင်းပိုင်အဆောက်အအုံကိုစီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ငှာဤဥပဒေအရထုတ်ပေးသောအသင်းမှတ်ပုံတင်လက်မှတ်ရရှိသည့် စုပေါင်းပိုင် အဆောက်အအုံအသင်းကိုဆိုသည်။
(ည) အသင်းဝင် ဆိုသည်မှာအသင်းမှတ်ပုံတင်လက်မှတ်ရရှိသောစုပေါင်းပိုင်အဆောက်အအုံ၏ အိမ်ခန်းမှတ်ပုံတင်လက်မှတ်ရရှိသူကိုဆိုသည်။
(ဋ) အမှုဆောင်အဖွဲ့ဆိုသည်မှာစုပေါင်းပိုင်အဆောက်အအုံကိုစီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာစုပေါင်းပိုင် အသင်း၏ ဖွဲ့စည်းထားသောစုပေါင်းပိုင်အဆောက်အအုံအမှုဆောင်အဖွဲ့ကိုဆိုသည်။
(ဌ) ယာယီအဖွဲ့ဆိုသည်မှာဤဥပဒေအရဖွဲ့စည်းသောစုပေါင်းပိုင် အဆောက်အအုံယာယီအမှုဆောင်အဖွဲ့ကိုဆိုသည်။
(ဍ) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဆောက်လုပ် ရေး ဝန်ကြီးဌာနကိုဆိုသည်။
(ဎ) စီမံခန့်ခွဲရေးကော်မတီဆိုသည်မှာဤဥပဒေပါ ရည်ရွယ်ချက် များကိုဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဤဥပဒေအရဖွဲ့စည်းသောတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများနှင့် နေပြည်တော်ကောင်စီစီမံခန့်ခွဲရေးကော်မတီတို့ကိုဆိုသည်။
(ဏ) ဦးစီးဌာနဆိုသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကိုဆိုသည်။
(တ) မှတ်ပုံတင်အရာရှိဆိုသည်မှာစုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာစာချုပ်စာတမ်းနှင့် စာတမ်းအမှတ် အသားများကိုမှတ်ပုံတင်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနကခန့်အပ်ထားသောစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာမှတ်ပုံတင်အရာရှိကိုဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်
(က) မြို့ပြနှင့် ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကိုအထောက် အကူပြုစေရန်၊
(ခ) အိမ်ရာကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများ ၏ လူနေမှုအဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုစေရန်၊
(ဂ) စုပေါင်းပိုင်အဆောက်အအုံ၏ အိမ်ခန်းများကိုဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ခွင့်၊ အကျိုးခံစားခွင့်နှင့် လွှဲပြောင်းခွင့်ရရှိစေရန်၊
(ဃ) အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ်္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်အကောင်အထည်ဖော်နိုင်ရန်။
အခန်း (၃)
စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းခြင်းနှင့် ယင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုဒေသအလိုက် အကောင်အထည်ဖော် နိုင်ရန် ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများကိုအောက်ပါပုဂ်္ဂိုလ်များဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ဖွဲ့စည်းရမည် -
(က) တိုင်းဒေသကြီးသို့မဟုတ် ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေးအပ်သော ဝန်ကြီး
(ခ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အဖွဲ့ဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
(ဂ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အဖွဲ့ဝင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
(ဃ) တိုင်းဒေသကြီးသို့မဟုတ် အဖွဲ့ဝင် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
(င) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှတစ်ဦး အဖွဲ့ဝင်
(စ) မြန်မာနိုင်ငံဗိသုကာအသင်းမှတစ်ဦး အဖွဲ့ဝင်
(ဆ) မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ အဖွဲ့ဝင် လုပ်ငန်းရှင်များအသင်းမှ တစ်ဦး
(ဇ) တိုင်းဒေသကြီးသို့မဟုတ် အတွင်းရေးမှူး ပြည်နယ်ဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
(ဈ) ဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးတွဲဖက်အတွင်းရေးမှူး
၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုဒေသအလိုက် အကောင်အထည်ဖော် နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်ကောင်စီစီမံခန့်ခွဲရေးကော်မတီကိုအောက်ပါပုဂ်္ဂိုလ်များဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန် ဖွဲ့စည်းရမည် -
(က) နေပြည်တော်ကောင်စီဝင် ဥက္ကဋ္ဌ
(ခ) နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
(ဂ) နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
(ဃ) နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
(င) ဦးစီးဌာနက တာဝန်ပေးအပ်သော အတွင်းရေးမှူး ညွှန်ကြားရေးမှူးတစ်ဦး
(စ) ဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးတွဲဖက်အတွင်းရေးမှူး
၆။ စီမံခန့်ခွဲရေးကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာအောက်ပါ အတိုင်းဖြစ်သည် -
(က) ဤဥပဒေပါလုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဒေသအတွင်း ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီအကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊
(ခ) မြို့ပြဒေသများတွင် ခေတ်မီအဆောက်အအုံများနှင့် စုပေါင်းပိုင် အဆောက်အအုံစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်စည်းရုံး ခြင်းနှင့် အသိပညာပေးခြင်း၊
(ဂ) စုပေါင်းပိုင်အဆောက်အအုံများတည်ထောင်ရာတွင် ခေတ်မီတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအားလိုအပ်သောအကြံဉဏ်ပေးခြင်း၊
(ဃ) စုပေါင်းပိုင်အဆောက်အအုံများဆောက်လုပ်ရာတွင် သတ်မှတ် ဒီဇိုင်းပုံစံစံချိန်စံညွှန်းနှင့်အညီဆောက်လုပ်စေရန် စစ်ဆေး ကြပ်မတ်ခြင်း၊ အတိုင်ပင်ခံအရည်အသွေးစစ်ဆေးကြပ်မတ် ရေးအဖွဲ့များငှားရမ်းကြီးကြပ်၍ ဆောက်လုပ်စေခြင်း၊
(င) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဆောက်လုပ်ရေးအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
(စ) စုပေါင်းပိုင်အဆောက်အအုံများ၏ ဘေးကင်းစိတ်ချလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေးအတွက် ဆောက် လုပ်ရေးလုပ်ငန်းစဉ်များအလိုက် ကြီးကြပ်ဆောင်ရွက်ခြင်း၊
(ဆ) တည်ထောင်ဆောက်လုပ်ပြီးဖြစ်သောစုပေါင်းပိုင်အဆောက် အအုံများရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေး နှင့် ပြုပြင်မွမ်းမံထိန်းသိမ်းရေးတို့အတွက် အစီအစဉ်များချမှတ်၍ အမှုဆောင်အဖွဲ့များအားလိုအပ်သောပံ့ပိုးကူညီမှု များပေးခြင်း၊
(ဇ) စုပေါင်းပိုင်အဆောက်အအုံရှိအိမ်ခန်းအသီးသီးအတွက် တည်ထောင်သူသို့မဟုတ် တည်ထောင်သူမရှိသည့်အခါ သက်ဆိုင်ရာစုပေါင်းပိုင်အဆောက်အအုံအမှုဆောင်အဖွဲ့ကတင်ပြသောမူလအချိုးသင့်ပိုင်ဆိုင်မှုအစုတန်ဖိုးကိုစိစစ်၍ သဘောတူညီချက်ပေးခြင်း၊
(ဈ) အသင်း၏ ရန်ပုံငွေစာရင်းများကိုလိုအပ်ပါကစစ်ဆေးခြင်း။
အခန်း (၄)
ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၇။ (က) စုပေါင်းပိုင်အဆောက်အအုံကဏ္ဍဆိုင်ရာ မူဝါဒများ၊ လမ်းညွှန် ချက်များကိုရေးဆွဲ၍ ဝန်ကြီးဌာသို့ တင်ပြခြင်း၊
(ခ) စုပေါင်းပိုင်အဆောက်အအုံစနစ် ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနပြုခြင်း၊ ပြည်တွင်းပြည်ပမှ နည်းပညာများကိုလေ့လာဆည်းပူးခြင်းနှင့် နည်းပညာများ ပြန့်ပွားစေရန် ဆောင်ရွက်ခြင်း၊
(ဂ) ဤဥပဒေနှင့် သက်ဆိုင်သည့်ကိစ်္စရပ်များကိုအရေးယူဆောင် ရွက်ခြင်းနှင့် တရားစွဲဆိုခြင်း။
အခန်း(၅)
မှတ်ပုံတင်ခြင်းနှင့် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်ခြင်း
၈။ စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံများကိုဤဥပဒေနှင့် အညီမှတ်ပုံတင်ရမည်။
၉။ တည်ထောင်သူသည် သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသောစုပေါင်းပိုင်မြေတွင်သာစုပေါင်းပိုင်အဆောက်အအုံကိုဆောက်လုပ်ရမည်။
ပြည်ထောင်စုလွှတ်တော်တို့ အတည်ပြုချက်အရအစိုးရအဖွဲ့ကထုတ်ပြန်လိုက်သောစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
Credit: iMyanmarHouse